စက္ကူစက်ရုံ (ရေနီ) ရှိ ရေဘေးသင့်ဝန်ထမ်းများအား ထောက်ပံ့ငွေများပေးအပ်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စက္ကူစက်ရုံ (ရေနီ) ရှိ ရေဘေးသင့်ဝန်ထမ်းများအား ထောက်ပံ့ငွေများပေးအပ်ပွဲ ကျင်းပ


နေပြည်တော်၊ အောက်တိုဘာ ၆

စက္ကူစက်ရုံ (ရေနီ) ရေဘေးသင့်ဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က ပဲခူးတိုင်းဒေသကြီး စက္ကူစက်ရုံ (ရေနီ) ၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း တက်ရောက်ပြီး စာနာနားလည်စိတ်၊ ကူညီရိုင်းပင်းစိတ်၊ လူမှု တာဝန်သိစိတ်တို့ဖြင့် ထောက်ပံ့ပေးအပ်သည့်အတွက် ကျေးဇူးတင်ရှိကြောင်းနှင့် စက်ရုံမှ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြင့်ဆောင်ရွက်နိုင်ရေး၊ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရပါက ဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရေး အစီအမံများ ကြိုတင်ဆောင်ရွက်ရန်ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများက ရေဘေးသင့်ဝန်ထမ်း ၄၅ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် နှစ်သိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် သိန်း ၉၀ ကို ထောက်ပံ့ပေးအပ်ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် စက်ရုံအတွင်း ကတ်ထူစက္ကူများ ထုတ်လုပ်နေသည့် နည်းစဉ်အဆင့်ဆင့်နှင့် ထုတ်လုပ်ပြီး ကတ်ထူစက္ကူများအား ဈေးကွက်သို့တင်ပို့ရန် ပြင်ဆင်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စက်ရုံများလည်ပတ်၍ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းဖြင့် ဝန်ထမ်းများ၌ရှိပြီးဖြစ်သော ကျွမ်းကျင်မှုများကို ပိုမိုတိုးတက် စေမည့်အပြင် ပြည်ပမှ တင်သွင်းရမှုကို လျှော့ချနိုင်ခြင်း၊ နိုင်ငံခြားငွေအသုံးပြုရမှု သက်သာခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သဖြင့် လုပ်ငန်းတာဝန်များကို ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

တစ်ရက်လျှင် ထုပ်ပိုးစက္ကူ တန် ၈၀ ထုတ်လုပ်နိုင်သည့် စက်ရုံကိုလည်း ဝန်ထမ်းများ၊ ကျွမ်းကျင်ပညာရှင်များ ပူးပေါင်း၍ အမြန်ဆုံးလည်ပတ်နိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် အားထားရသည့် ဝန်ထမ်းများဖြစ်အောင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အောင်မြင်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)