ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် နေပြည်တော်ကောင်စီနယ်မြေအတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှု လှည့်လည်ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် နေပြည်တော်ကောင်စီနယ်မြေအတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှု လှည့်လည်ကြည့်ရှုအားပေး


နေပြည်တော်၊ အောက်တိုဘာ ၆

ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က နေပြည်တော် ကောင်စီနယ်မြေအတွင်း စာရင်းစစ်၊ စာရင်းကောက်များက ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်း အရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။

ပြည်ထောင်စုဝန်ကြီးသည် ဥတ္တရသီရိမြို့နယ် ဇဝနသိဒ္ဓိရပ်ကွက်နှင့် သစ်ဝင်တိုင်းကျေးရွာ၊ ပုဗ္ဗသီရိမြို့နယ် ဇဝနဒီပရပ်ကွက်နှင့် မင်္ဂလာဒီပရပ်ကွက်တို့သို့ သွားရောက်ပြီး ရပ်ကွက်/ ကျေးရွာ ကောက်ကွက်များအလိုက် မြို့နယ်စာရင်းစစ်၊ စာရင်းကောက်များက တစ်အိမ်တက်ဆင်း လှည့်လည် ကာ Mobile Tablet များဖြင့် သန်းခေါင်စာရင်းဆိုင်ရာမေးခွန်းများ မေးမြန်းကောက်ယူနေမှုနှင့် ဒေသခံပြည်သူများ စိတ်ဝင်တစား ပြန်လည်ဖြေကြားနေမှုကို လှည့်လည်ကြည့်ရှုအားပေးကာ လိုအပ်သည်များ မှာကြားညှိနှိုင်းဆောင်ရွက်ပေးပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူဆောင်ရွက်လျက်ရှိရာ နေပြည်တော်ကောင်စီနယ်မြေအတွင်း ကောက်ကွက်ပေါင်း ၂၆၅၆ ကွက်ကို စာရင်းစစ်၊ စာရင်းကောက် ၁၃၁၇ ဦးက တက်ညီလက်ညီဖြင့် သန်းခေါင်စာရင်းဆိုင်ရာမေးခွန်းများကို Mobile Tablet များဖြင့် တစ်အိမ်တက်ဆင်း မေးမြန်းကောက်ယူလျက်ရှိကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)