ရန်ကုန်၊ နိုဝင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြိုနယ်၊ အမှတ်(၇) အနောက်ရပ်ကွက်၊ အောင်ချမ်းသာလမ်း၊ အမှတ် (၁၁၅၁/ခ) (ပထမထပ်)နေအိမ်တွင် နေထိုင်သူ ဦးရွှေဇံ(ဘ)ဦးအေးမောင်(ရဲမှူး-ငြိမ်း)၊ ၆၇ နှစ်၊ ရခိုင်/ဗုဒ္ဓ သည် လူမှုကွန်ရက်ပေါ်၌ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် လှုံ့ဆော်စာများရေးသားသူဖြစ်ကြောင်း သတင်းအရ နိုဝင်ဘာလ ၂၆ ရက် ညနေ ၆ နာရီ၁၅ မိနစ်ခန့်တွင် လုံခြုံရေးပူးပေါင်းအဖွဲဖြင့် နေအိမ်သို့ ဝင်ရောက် ရှာဖွေခဲ့ကြောင်း သိရသည်။
ယင်းသို့ ဝင်ရောက်ရှာဖွေခဲ့ရာ Iphone 13 Pro ၁ လုံး၊ Redmi K 30 လက်ကိုင်ဖုန်း ၁ လုံးတို့နှင့်အတူ တွေ့ရှိရပြီး ထိန်းသိမ်း ခေါ်ဆောင်ခဲ့ကြောင်း၊ ဦးရွှေဇံအား စစ်ဆေးချက်အရ ၎င်းသည် Shwe Zan အမည် Facebook အကောင့်ဖြင့် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အား ထောက်ခံရေးသားထားသည့် Post များတင်ခြင်း၊ ပြည်ဖျက်မီဒီယားများ၏ ရေးသားမှုများကို ထပ်မံဖြန့်ဝေခြင်း များပြုလုပ်ထားသည်ကို စိစစ်တွေ့ရှိခဲ့ကြောင်း သိရသည်။
၎င်းအား သာကေတနယ်မြေရဲစခန်း၌ လုံခြုံရေး ပူးပေါင်းအဖွဲဖြင့် စစ်ဆေး၍ အမှုဖွင့်အရေးယူထားရှိသည်ဟု သတင်းရရှိသည်။
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment