ယူကရိန်းကို နျူ့လက်နက်တပ်ပေးလို့ကတော့ အကုန်အမှုန့်ချေမှာလို့ ပူတင်ပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယူကရိန်းကို နျူ့လက်နက်တပ်ပေးလို့ကတော့ အကုန်အမှုန့်ချေမှာလို့ ပူတင်ပြော



အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အနေနဲ့ ရာထူးက ဆင်းမပေးခင်မှာ ယူကရိန်းလက်ထဲကို နျူ့လက်နက်တွေ ထည့်ပေးခဲ့လို့ကတော့ ရုရှားအနေနဲ့ ပြည်တွင်းမှာရှိတဲ့ လက်နက်ခဲယမ်းတွေအကုန်သုံးပြီး ယူကရိန်းကို အမှုန့်ချေပစ်မယ်လို့ ပြောသွားပါတယ်။ 

အဲ့လိုပြောရခြင်းက ပြီးခဲ့တဲ့အပတ်အတွင်းက အမည်မဖော်လိုတဲ့ ဥရောပ အဆင့်မြင့် အရာရှိတစ်ဦးက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အနေနဲ့ ရာထူးကမဆင်းပေးခင်မှာ ယူကရိန်းကို နျူ့လက်နက်တွေ ပေးသွားနိုင်တယ်ဆိုပြီး တိုးတိုး သတင်းတစ်ရပ်ကို ပေးခဲ့လို့ပဲ ဖြစ်ပါတယ် ။ “ တကယ်လို့ ဒီကိစ္စဖြစ်ခဲ့မယ်ဆိုရင် ၊ ရုရှားမှာ ရနိုင်တဲ့ ဖျက်ဆီးလို့ရတဲ့ လက်နက်တွေကို ကျနော် အကုန်သုံးပစ်မှာပါ” လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ဆိုသွားပါတယ် ။ “တကယ်လို့ တစ်စုံတစ်ယောက်က တစ်ခုခုကို တရားဝင် လွှဲပြောင်းပေးလိုက်ရင် အဲဒါက သူတို့လုပ်ထားတဲ့ မပြန့်ပွားရေး ကတိကဝတ်တွေအားလုံးကို ချိုးဖောက်လိုက်တာပဲ” ဟု ပူတင်က ဆိုပါတယ်။ 

ယူကရိန်းက ၁၉၉၁ တုန်းက  ဆိုဗီယက် ယူနီယံကနေ ခွဲထွက်ခဲ့ပါတယ်။ အဲ့ဒိအချိန်တုန်းက နျူ့လက်နက် တော်တော်များများ ယူကရိန်း ရလိုက်ပါတယ်။ ဒါပေမဲ့ ၁၉၉၄ သဘောတူညီချက်အရ နျူ့လက်နက် တွေ အားလုံးကို ရုရှားကို ပြန်အပ်ခဲ့ရပါတယ်။ 


Ref : Reuters

Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)