လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများပြုလုပ်





လိပ်သို   ၊နိုဝင်ဘာ  ၂၇


ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးများ ပိုမိုထက်မြက် လာစေရန်နှင့် အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌  ယမန်နေ့မွန်းလွဲ ၂ နာရီက  ပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ခြင်းသည် ဗဟုသုတပြည့်စုံ၍ အသိဉာဏ်ပညာထက်မြက် လာမည်ဖြစ်ကြောင်း၊ ကျောင်းသား/ကျောင်းသူများ ပူးပေါင်းပါဝင် ဆောင်ရွက်တတ်သည့်အလေ့အကျင့်ရှိစေရန်ရည်ရွယ်၍ ယခုလိုပြိုင်ပွဲများ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း  ရှင်းလင်းပြောကြားပြီးနောက် ပူပေါင်းဖောက်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ထိုင်ခုံလု ပြိုင်ပွဲနှင့် ဘိုးလိမ်းပစ်ပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ရာ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ(၂၇) ဦးတို့က ပါဝင်ယှဉ်ပြိုင်ကြပြီး မြို့ဦးစီးမှူးက ကျောင်းသား/ကျောင်းသူများအား အဟာရမုန့်များ ပေးဝေခဲ့ကြောင်း သိရသည်။


လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ ကျောင်းသူများအား ဗဟုသုတရရှိစေရေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ခင်လေးနွယ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)