ကင်ဘာရာမြို့အခြေစိုက် အာဆီယံ-ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေး (၅/၂၀၂၄) သို့ မြန်မာသံရုံး၊ ကင်ဘာရာမြို့မှ သံရုံးယာယီတာဝန်ခံ ဦးသက်ထွန်း ပါဝင်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကင်ဘာရာမြို့အခြေစိုက် အာဆီယံ-ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေး (၅/၂၀၂၄) သို့ မြန်မာသံရုံး၊ ကင်ဘာရာမြို့မှ သံရုံးယာယီတာဝန်ခံ ဦးသက်ထွန်း ပါဝင်တက်ရောက်



ကင်ဘာရာ၊ နိုဝင်ဘာ ၁၁

ကင်ဘာရာမြို့အခြေစိုက် အာဆီယံ-ကင်ဘာရာကော်မတီ (ASEAN Committee in Canberra-ACC) အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဖိလစ်ပိုင်သံရုံးက အာဆီယံ-ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများအစည်းအဝေး (၅/၂၀၂၄) ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက် ဒေသစံတော်ချိန် နံနက် ၁၁:၀၀ နာရီတွင် ကင်ဘာရာမြို့ရှိ The Commonwealth Club ၌ ကျင်းပခဲ့ရာ မြန်မာသံရုံး၊ ကင်ဘာရာမြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ် ဦးသက်ထွန်း ပါဝင်တက်ရောက်ခဲ့သည်။ 

အစည်းအဝေး၌ ဩစတြေးလျနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီး H.E. Mrs. Ma. Hellen Barber De La Vega က အစည်းအဝေးသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၅-၈-၂၀၂၄ ရက်နေ့ တွင် ကျင်းပခဲ့သည့် အာဆီယံ-ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများအစည်းအဝေး (၄/၂၀၂၄) ၏ အစည်းအဝေးမှတ်တမ်းကို အတည်ပြုခြင်း၊ ၂၀၂၄ ခုနှစ်အတွင်း အာဆီယံ-ကင်ဘာရာကော်မတီမှ ဆောင်ရွက်ခဲ့သည့် လှုပ်ရှားမှုများအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခြင်း၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များအပေါ် ညှိနှိုင်းဆွေးနွေးခြင်း၊ အာဆီယံ-ဩစတြေးလျစင်တာဆိုင်ရာ ကိစ္စရပ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ် Dr. Kao Kim Hourn ၏ ဩစတြေးလျခရီးစဉ်အတွင်း အာဆီယံ-ကင်ဘာရာကော်မတီနှင့် တွေ့ဆုံ သွားရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

အစည်းအဝေးအပြီးတွင် ဖိလစ်ပိုင်သံအမတ်ကြီး H.E. Mrs. Ma. Hellen Barber De La Vega က အာဆီယံ-ကင်ဘာရာကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်အား စင်ကာပူသံအမတ်ကြီး H.E. Mr. Anil Kumar Nayar ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)