အမေရိကန် က NUG ကို အမှန်တကယ် အသိအမှတ် ပြုရဲ့လား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမေရိကန် က NUG ကို အမှန်တကယ် အသိအမှတ် ပြုရဲ့လား


NUG အကြမ်းဖက်အဖွဲ့ဆိုတာက NLD ပါတီ ဦးဆောင်သူတွေ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ အာဏာလက်မဲ့ ဖြစ်ခဲ့ရတဲ့ အချိန်ကစပြီး ယနေ့အချိန်အထိ အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူပေါင်း ၈၆၀၀ ကျော် အထိ သတ်ဖြတ်ခဲ့တဲ့ မှတ်တမ်းတွေ ရှိပါတယ်။ NUG အကြမ်းဖက်အဖွဲ့ကို အမေရိကန် CIA က ကြိုးကိုင်ပြီး ကူညီထောက်ပံ့ပေးနေခြင်းကြောင့် အကြမ်းဖက်လှုပ်ရှားမှုကို ယနေ့တိုင်အောင် လုပ်ဆောင်နေနိုင်ခြင်း ဖြစ်တယ်ဆိုရင်လည်း မမှားပါဘူး။

NUG အကြမ်းဖက်အဖွဲ့ကို ပံ့ပိုးပေးတဲ့ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်း က မင်းကိုနိုင်(ခ) ခေါကြီးဆိုရင် အမေရိကန်စအစိုးရထံကနေ အကူအညီတွေ ရဖို့ကို ဘယ်လောက်အထိ အစွမ်းကုန် ပြောခဲ့သလဲဆိုတာလည်း ပြန်လေ့လာကြည့်လို့ရပါတယ်။ မင်းကိုနိုင် (ခ) ခေါကြီး က အမေရိကန်အစိုးရအနေနဲ့ ယူကရိန်းကို ပံ့ပိုးနေတဲ့ ပမာဏရဲ့ ဆယ်ပုံ တစ်ပုံပဲ ကူညီပါ။ တော်လှန်ရေးကြီးကို အောင်မြင်အောင် လုပ်နိုင်ပါတယ်လို့ အာချောင်ခဲ့တာကို ပြန်ကြည့်ရင် NUG အကြမ်းဖက်အဖွဲ့ရဲ့ အဓိက ထောက်တိုင်ဟာ အမေရိကန်ဖြစ်နေပါတယ်။

ဒါကလည်း သိသာထင်ရှားလွန်းပါတယ်။ NUG အကြမ်းဖက်အဖွဲ့နဲ့ ပတ်သက်သူတွေကို ဘယ်နိုင်ကမှ အရေးတယူလုပ်ပြီး ခေါ်ယူတာမျိုး မလုပ်ပါဘူး။ အမေရိကန် CIA ကပဲ NUG အကြမ်းဖက်အဖွဲ့နဲ့ ပတ်သက်သူတွေကို ထိုင်းနိုင်ငံကနေတဆင့် အမေရိကန်ထိရောက်အောင် ခေါ်ဆောင်သွားခဲ့တာကို ကြည့်ရင် ပိုပြီး သိသာထင်ရှားပါလိမ့်မယ်။

နိုင်ငံရေးဆိုတာကလည်း အစဉ်အမြဲ တသမတ်တည်း သွားနေတဲ့ သဘောမျိုးမဟုတ်ဘူး။ တိမ်တောင်သဖွယ် မင်ရေးကျယ် ဆိုသလို အချိန်မရွေး အပြောင်းအလဲ ဖြစ်နိုင်ပါတယ်။ ယခု ရက်ပိုင်းအတွင်းမှာဆိုရင် အိမ်နီးချင်း အိန္ဒယနိုင်ငံ၊ နယူးဒေလီမြို့မှာ ဖွဲ့စည်းပုံ နဲ့ ဖက်ဒရယ်ဆိုင်ရာ ဆွေးနွေးပွဲကို မြန်မာနိုင်ငံက ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေတဲ့ အစိုးရအဖွဲ့၊ နိုင်ငံရေးပါတီများအစုအဖွဲ့၊ ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေ သွားရောက်ဆွေးနွေးခဲ့ကြပါတယ်။

အိန္ဒိယနိုင်ငံကို သွားရောက်ဆွေးနွေးတဲ့အထဲမှာ အချိန်နဲ့အမျှ သူတို့ကိုယ်သူတို့ တရားဝင် အစိုးရပါလို့ ဟောင် နေတဲ့ NUG မပါဘူး။ NUG နဲ့ ပူးပေါင်းပြီး အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဆိုတာတွေ မပါဘူး။

ယနေ့ တိုင်းပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေ ချုပ်ငြိမ်းဖို့ နိုင်ငံတော်ရဲ့ တာဝန်အရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူထားတဲ့ တပ်မတော် ဦးဆောင်တဲ့ နစကအစိုးရအဖွဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ရဲ့ တရုတ်ပြည်ခရီးစဉ်မှာ ဆိုရင် NUG နဲ့ လက်တွဲပြီး အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတဲ့ MNDAA, TNLA, AA တို့အပေါ် အစိုးရရဲ့ သဘောထားကို ပြတ်ပြတ်သားသား ပြောဆိုခဲ့တယ်။ နယ်စပ်ဒေသမှာ ခြေကုပ်ယူပြီး အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတာနဲ့ ပတ်သက်လို့ ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးတာမျိုးတွေ လုပ်ဆောင်ခဲ့တယ်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာပြည် ပြန်မရောက်ခင် ထိုင်းဘက်မှာ တရားမဝင် နေထိုင်သူတွေ၊ NUG အကြမ်းဖက်အဖွဲ့နဲ့ ဆက်စပ်သူတွေကို ထိန်းသိမ်းတာမျိုးတွေ လုပ်ဆောင်လာတာကို ကြားသိရပါတယ်။ ဒါကြောင့်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့ တရုတ်ပြည်ခရီးစဉ်ဟာ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အောင်မြင်တဲ့ ခရီးစဉ်လို့ ဆိုနိုင်ပါတယ်။

ဒီရက်ပိုင်းအတွင်း အမေရိကန်ရွေးကောက်ပွဲရလာဒ်ကလည်း NUG အကြမ်းဖက်အဖွဲ့ဝင်တွေနဲ့ အကြမ်းဖက်လှုံ့ဆော်ပြီး အလှူခံစားနေတဲ့ ပြည်ဖျက်မိစ္ဆာတွေရဲ့ကြား ဂယက်ထသွားခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ ရွေးကောက်ပွဲ ကတိကဝတ်မှာက အမေရိကန်နိုင်ငံထဲ တရားမဝင် ရောက်ရှိနေသူတွေကို အစုလိုက်အပြုံလိုက် ပြန်နှင်ထုတ်မယ့် အစီအစဉ်ကို ကတိပြုထားပါတယ်။ ဒါကို အကောင်အထည် မဖော်ဘူးဆိုရင် ဒေါ်နယ်ထရမ့်ကို မဲပေးခဲ့တဲ့ ပြည်သူတွေက လက်ခံကြမှာ မဟုတ်ပါဘူး။ ဒေါ်နယ်ထရမ့်ရဲ့ ကတိကဝတ်အရ တရားမဝင် အမေရိကန်ထဲ ရောက်နေသူတွေထဲမှာ မြန်မာနိုင်ငံက ပြည်ပြေး NUG အကြမ်းဖက်အဖွဲ့ဝင်တွေလည်း အကြုံးဝင်နေတာ ဖြစ်ပါတယ်။ 

NUG အကြမ်းဖက်အဖွဲ့ ဦးဆောင်သူ အများစုဟာ အမေရိကန်မှာ ခိုလှုံပြီး မြန်မာပြည်ကို တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ခဲ့ကြတဲ့အတွက် မြန်မာနိုင်ငံသားဥပဒေအရ နိုင်ငံသားစာရင်းကနေ ပယ်ဖျက်ထားပြီး ဖြစ်ပါတယ်။ ဆိုတော့ ဒေါ်နယ်ထရမ့်ဦးဆောင်တဲ့ အစိုးရ ကျမ်းသစ္စာကျိန်ဆိုပြီးချိန် တရားမဝင် နေထိုင်သူတွေကို နှင်ထုတ်မယ်ဆိုရင် NUG အဖွဲ့ဝင်တွေဟာ တချိန်လုံး အာသီးယောင်နေတဲ့ အစိုးရပါဆိုတာမျိုး အာသီးယောင်နိုင်တော့မှာ မဟုတ်ဘဲ State Less တွေ ဖြစ်ပါပြီ။

စိုးရိမ်ဖွယ်ရာ ရှိတာက အဲဒီ ပြည်ဖျက်မိစ္ဆာတွေကို မြန်မာအစိုးရထံ ပြန်လည်လွှဲအပ်လာမှာကို စိုးရိမ်ရပါတယ်။ နစကအစိုးရဟာ လွန်စွာ သဘောကောင်းပြီး ပြည်ဖျက်မိစ္ဆာတွေကို ပြန်လည် လက်ခံခဲ့သော် မြန်မာပြည်မှာ တိုင်းဖျက် ပြည်ဆူ တည်ငြိမ်မှု ကင်းမဲ့တဲ့ အခြေအမျိုးတွေ ဖြစ်ရပါလိမ့်မယ်။

နိဂုံးချုပ်အနေနဲ့ NUG အကြမ်းဖက်အဖွဲ့ဟာ တချိန်လုံး သူတို့ကိုယ်သူတို့ အစိုးရပါလို့ ကြွေးကြော်နေသည့် တိုင်အောင် သူတို့ကို နောက်ကွယ်က ကူညီပံ့ပိုးပေးနေတဲ့ အမေရိကန် ကရော အစိုးရလို့ အသိအမှတ်ပြုပါရဲ့လား။ နီပိန်း အများစုဟာ NUG ဆိုတာ တရားမဝင်ဘူး၊ ဘယ်နိုင်ငံကမှ အသိအမှတ်မပြုဘူး။ ဒါတွေကို ဝေဖန်ပိုင်းခြားနိုင်စွမ်း မရှိဘဲ ပိုးဖလံမျိုး မီးပုံတိုးသလို မိုက်ရူးရဲဆန်ဆန် လုပ်ခဲ့ကြခြင်း ဖြစ်ပါတယ်။ 

NUG အကြမ်းဖက်အဖွဲ့ကို ဓာတ်ဆီလောင်းပေးနေတဲ့ အမေရိကန်ကတောင် အသိအမှတ် မပြုပါဘူး။ ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့ အမေရိကန်အစိုးရရဲ့ လက်ကိုင်တုတ် သတင်းဌာနဖြစ်တဲ့ VOA သတင်းဌာနမှာ ရေးသားဖော်ပြထားတဲ့ သတင်းတစ်ပုဒ်မှာ "အမေရိကန်အစိုးရ အဆင့်မြင့် တာဝန်ရှိသူတဦးနဲ့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖွဲ့ဝင်တဦးတို့ကြား ဆက်သွယ်ပြောဆိုခဲ့တဲ့အပေါ် NUG ကို အသိအမှတ်ပြုဖို့ အမေရိကန်အစိုးရက စဉ်းစားနေတဲ့လက္ခဏာလားဆိုတဲ့မေးခွန်း ထွက်လာပါတယ်။ ဒီမေးခွန်းနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price က အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲအတွင်း အပြတ် ငြင်းဆိုတာမျိုးမရှိသလို ဟုတ်မှန်ကြောင်း အတည်ပြုပြောဆိုတာမျိုးလည်း မရှိခဲ့ပါဘူး။" လို့ အတိအလင်း ရေးသားဖော်ပြထားပါတယ်။

အမေရိကန်အစိုးရ ဟာ မြန်မာပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် အာဏာရမ္မက်ထနေတဲ့ NLD ဦးဆောင်သူတွေကို NUG အသွင်ပြောင်းပြီး တိုင်းဖျက် ပြည်ဖျက် လုပ်ခိုင်းခဲ့ခြင်း သက်သက်မျှသာ ဖြစ်ပါတယ်။ NUG ဆိုတာကို အသိအမှတ် ပြုပါတယ်လို့ အတိအလင်း ပြောဆိုခဲ့တာမျိုး မရှိပါဘူး။ NUG အကြမ်းဖက်အဖွဲ့ကို ဦးဆောင်သူတွေကတော့ သွေးရူးသွေးတန်း ဖြစ်နေတာ ဖြစ်တဲ့အတွက် မစားရတဲ့အမဲ သဲနဲ့ ပက်မယ်လို့ အကြံဆိုးဝင်ပြီး အမေရိကန်ဆီက ရသမျှအထောက်အပံ့ယူ နီပိန်းလေးတွေကို အကြမ်းဖက်သမားများအဖြစ် အသုံးချပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို သတ်ဖြတ်၊ မြန်မာပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေကို ဖျက်ဆီးတဲ့ ပြည်ဖျက်မိစ္ဆာတွေအဖြစ် ရပ်တည်ခဲ့ကြပါတယ်။

အဓိကအားဖြင့် ပြည်တွင်းမှာ ရှိတဲ့ နီပိန်းတွေကို သတိချပ်စေချင်တာက NUG ဆိုတာကို နောက်ကွယ်က မြှောက်ပေးနေတဲ့ အမေရိကန်လို နိုင်ငံမျိုးကတောင် အသိအမှတ် မပြုဘဲ ဘယ်နိုင်ငံက လူရာသွင်းမှာလဲ။ မိုက်ရူးရဲဆန်ဆန် လုပ်နေသမျှကာလပတ်လုံး နီပိန်းမျိုးတုန်းဖို့ပဲ ဖြစ်ပါလိမ့်မယ်။


ဒေါင်းနင်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)