ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ကလောနှင့် ပင်းတယဒေသတို့၌ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ကလောနှင့် ပင်းတယဒေသတို့၌ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်


နေပြည်တော်၊ နိုဝင်ဘာ ၂၆

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ၂၄-၁၁-၂၀၂၄ ရက်နေ့က ကလောမြို့ Mya Yar Pin ဟိုတယ်၌ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့ (Destination Management Organization- DMO) များနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ယခုခရီးသွားရာသီတွင် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ ပိုမိုလာရောက်နိုင်ရေး ပြင်ဆင်ရမည့်ကိစ္စရပ်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန် တိုက်တွန်း လိုပါကြောင်း၊ ကလောဒေသကိုခရီးသွားမြို့တော် ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ကလောမြို့ ခရီးသွားလုပ်ငန်းပင်မစီမံကိန်း (၂၀၂၂-၂၀၂၅)ကို မဟာဗျူဟာ(၅)ချက်ဖြင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်အကောင်အထည်ဖော်မှုများဖြင့် ရေးဆွဲ အကောင်အထည်ဖော်လျက်ရှိရာ စီမံကိန်းအကောင် အထည်ဖော်မှုကို အထောက်အကူပြုရန် ကလောမြို့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကို ကျင်းပခဲ့ပါကြောင်း၊ ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့(DMO)များမှ ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများ အနေဖြင့် ဖိုရမ်ဆွေးနွေးမှုရလဒ်များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်နှင့် မိမိတို့၏ တာဝန်ကျရာအခန်းကဏ္ဍမှ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ (DMO)များမှ တာဝန်ရှိသူများနှင့် တက်ရောက်လာ ကြသူများက ကလောဒေသရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု အခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေး ပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထို့နောက် နန်းသဲကျေးရွာရှိ Adventure Tourism Site တစ်ခုဖြစ်သည့် Kalawe Glamping & Eco-Activities သို့သွားရောက်ကာ ခရီးသွားဧည့်သည်များအတွက် ဘေးအန္တရာယ်ကင်းစွာ စွန့်စားခရီးသွားလုပ်ငန်းအကောင်အထည်ဖော်ထားရှိမှုနှင့် အပန်းဖြေခရီးသွားလုပ်ငန်း ဖော်ဆောင်ထားရှိမှု၊ နိုင်ငံပိုင်ဟိုတယ်များဖြစ်သည့် ကလောမြို့ရှိ Kalaw Heritage Hotel နှင့် ပင်းတယမြို့ရှိ PINDAYA Hotel တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များမှာကြားသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ပင်းတယမြို့ရှိ ရွှေဥမင်ဘုရားသို့သွားရောက် ဖူးမြော်ကြည်ညို၍ ဘုရားဥမင်အတွင်း လာရောက်ဖူးမြော်ကြမည့် ဘုရားဖူးဧည့်သည်များ အဆင်ပြေစွာ ဖူးမြော်သွား လာနိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေများကို လှည့်လည်ကြည့်ရှုပြီး ဘုရားဂေါပကထံ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)