မှော်ဘီ၊နိုဝင်ဘာ၊၂၆
ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီခရိုင်၊မှော်ဘီမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေးယာဉ်စည်းကမ်း ၊လမ်းစည်းကမ်းဆိုင်ရာစစ်ဆေးခြင်းနှင့်အသိပညာပေးလုပ်ငန်းများကိုအပတ်စဉ်ဆောင်ရွက်လျှက်ရှိ ရာယနေ့နံနက်(၉)နာရီမှ(၁၀)နာရီထိမှော်ဘီမြို့နယ်ထန်းတစ်ပင်တာဆုံအနီးပြည်လမ်းမဘေးတွင်ယာဉ်ထိန်းတပ်ဖွဲ့စုမှူးဒုရဲမှူးဝင်းအောင်ဦးစီးတပ်ဖွဲ့ဝင်(၅)ဦးတို့နှင့်အတူအမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များနှင့်ဆိုင်ကယ်စီးနင်းသူ(၁၀၀)ဉီးတို့အားယာဉ်စည်းကမ်း/လမ်းစည်းကမ်း ပညာပေးခြင်းတို့အားဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ယာဉ်ထိန်းဒုရဲမှူးဝင်းအောင်မှဆိုင်ကယ်စီးရာတွင်ဦးထုပ်ဆောင်းရန်နှင့်ဆိုင်ကယ်စီး နင်းရာတွင်လဲနှစ်ဦးထက်ပို၍မစီးရန်၊ဆိုင်ကယ် မောင်းသူနှင့်စီးနင်းသူနှစ်ဦးစလုံးဆိုင်ကယ်ဦးထုပ်ဆောင်းရန်၊ဆိုင်ကယ်မောင်းနေစဉ်လက်ကိုင်ဖုန်း များမပြောရန်၊ဆိုင်ကယ်မောင်းရာတွင်တစ်ဦးနဲ့တစ်ဦးပြိုင်မမောင်းရန်၊မိုးရွာသွန်းမှုများနေလျှင်လည်းဖြည်းညင်းစွာမောင်းနှင်ကြရန်၊မြို့တွင်း၊မြို့ပြင်အရှိန်ပြင်းမ မောင်းရန်၊အရက်သေစာသောက်စားခြင်းမပြုရန်နှင့်အရှိန်ပြင်းစွာမမောင်းကျရန် မှာကြားဆောင် ရွက်ခဲ့သည်။
ထိုနောက်ယာဉ်ထိန်းဒုရဲမှူးဝင်းအောင်ဦးစီး(၅)ဦးတို့မှယာဉ်စည်းကမ်း၊လမ်းစည်းကမ်းအသိပညာ ပေးပြောကြားခဲ့ပြီး ယာဉ်/လမ်းစည်းကမ်းအသိပ ညာပေးလက်ကမ်းစာစောင်များအားဆိုင်ကယ်စီး နင်းသူများကိုဖြန့်ဝေခဲ့ကြောင်းသိရသည်။
ဝင်းဇော်
https://t.me/MyanmarNationalPost

No comments:
Post a Comment