တောင်ငူ၊ နိုဝင်ဘာ ၂၈
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တောင်ငူခရိုင်အတွင်း လယ်ယာကဏ္ဍစိုက်ပျိုး ထုတ်လုပ်မှုတိုးတက်ရေးအတွက် ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိအောင် စိုက်ပျိုးထုတ်လုပ်ခဲ့သည့် ထူးချွန်တောင်သူများ၊ သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအား တိုးတက်ဆောင်ရွက်နိုင်ခဲ့သည့် မြိုနယ်များအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို တောင်ငူမြို့၊ ခပေါင်းခန်းမ၌ နိုဝင်ဘာလ(၂၈)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲခေတ္တဥက္ကဋ္ဌ ဦးညီညီလွင်စိုးက ဂုဏ်ပြုအမှာစကားပြောကြားပြီး တောင်ငူခရိုင်အတွင်း သီးထပ်စွမ်းအား၊ သီးနှံစိုက်စွမ်းအား တိုးတက်ဆောင်ရွက်နိုင်ခဲ့သည့် မြိုနယ်များနှင့် ထူးချွန်တောင်သူများအား တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တ ဥက္ကဋ္ဌ ဦးညီညီလွင်စိုးနှင့် အဖွဲဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေများ၊ သွင်းအားစုများ ထောက်ပံ့ပေးအပ်ကြသည်။
ထိုနောက် ၂၀၂၃ - ၂၀၂၄ ခုနှစ် သီးနှံအထွက်နှုန်း အမြင့်မားဆုံးရရှိအောင် စိုက်ပျိုးထုတ်လုပ်ခဲ့သည့် ထူးချွန်တောင်သူများ၏ ကိုယ်စား တောင်သူတစ်ဦးမှ အထွက်နှုန်းအမြင့်ဆုံးရရှိအောင် ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများ ရှင်းလင်းပြောကြားသည်။
အဆိုပါအခမ်းအနားတွင် ထူးချွန်တောင်သူများအား သွင်းအားစုဓာတ်မြေသြဇာ တစ်ဦးလျှင် (၂)အိတ်နှုန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)
Join - https://t.me/MyanmarNationalPost






No comments:
Post a Comment