ပေါင်မြို့နယ်၌ ကတိုက်ရေလှောင်တမံဆည်ရေသောက်စနစ် (၂၀၂၄-၂၀၂၅)ခုနှစ် နွေစပါးစိုက်ပျိုးရေပေးဝေရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါင်မြို့နယ်၌ ကတိုက်ရေလှောင်တမံဆည်ရေသောက်စနစ် (၂၀၂၄-၂၀၂၅)ခုနှစ် နွေစပါးစိုက်ပျိုးရေပေးဝေရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်





ပေါင်၊  နိုဝင်ဘာ   ၂၈

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကတိုက်ရေလှောင်တမံဆည်ရေသောက်စနစ် (၂၀၂၄-၂၀၂၅)ခုနှစ် နွေစပါးစိုက်ပျိုး ရေပေးဝေရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ဖြူဘကျေးရွာ ကွင်းအမှတ် (၇၇၀)၌ယနေ့နံနက် (၁၁)နာရီက တောင်သူအသိပညာပေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင် က စားရေရိက္ခာ ဖူလုံရန် စိုက်ပျိုးရေးသည်အဓိက ကျသည့်အတွက် နွေစပါးစိုက်ပျိုးနိုင်ရန်  ဆည်ရေသည် အဓိကအခန်းကဏ္ဍတွင်ပါဝင်ပါကြောင်း တောင်သူတွေအနေဖြင့် နွေစပါးအထွက်နှုန်းတိုးတက်အောင် လိုအပ်သည့်နည်းပညာများကို သက်ဆိုင်ရာတာဝန်ရှိသူများထံ အကူအညီတောင်းခံပြီး ဆည်ရေ ရရှိသည်နှင့် သီးထပ် သီးနှံများကို စောလျင်စွာ စိုက်ပျိုးကြဖို့ ပြောကြားခဲ့သည်။

ဆက်လက်၍ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး (၆) မှ လက်ထောက်ညွှန်ကြာရေးမှူး ဦးကျော်အောင်ဗိုလ် က တောင်သူများ နွေစပါး စိုက်ပျိုးရေအလုံအလောက်ရရှိစေရန် ကတိုက်ရေလှောင်တမံတွင် ကန်ရေပြည့်အမှတ်ထက် (၃) ပေ ပိုမိုသိုလှောင်ထားရှိပါကြောင်း ဆည်ရေညီညွှတ်မျှတစွာ ရရှိရေး စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ကတိုက်ရေလောင်တမံတွင် ရေသိုလှောင်ပမာဏ (၅၇၂၃၀)ဧကပေ သိုလှောင်ထားပြီး နွေစပါးဧရိယာ  (၁၆၅၀၀)ဧက ကို ဒီဇင်ဘာ (၁) ရက်နေ့မှစတင်၍ စိုက်ပျိုးရေ ပေးဝေနိုင်ရန် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး(၆) သထုံမြို့မှ စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တစ်ဆက်တည်းမှာပင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင် နှင့်အဖွဲ့ ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ သည် ပေါင်မြို့နယ် မီးသတ်ဦးစီးဌာန မှသင့် (၄) သင့်ဆောင်ရွက်ထားရှိမှုနှင့် သဲဖြူကုန်းကျေးရွာရှိ ဆောင်းသီးနှံ ဟင်းသီးဟင်းရွက်စိုက်ခင်း သို့ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်သည်များကို လမ်းညွှန်ပေးခဲ့ကြောင်း သိရသည်။


မွန်မလေး 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)