ဂန့်ဂေါမြို့တွင် (၂၉)ကြိမ်မြောက် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းမိသားစုများနှင့် စေတနာရှင်ပြည်သူများ၏ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂန့်ဂေါမြို့တွင် (၂၉)ကြိမ်မြောက် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းမိသားစုများနှင့် စေတနာရှင်ပြည်သူများ၏ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ




ဂန့်ဂေါ ၊ နိုဝင်ဘာ ၁၁


မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းမိသားစုများနှင့် စေတနာရှင်ပြည်သူများ၏(၂၉)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က ဂန့်ဂေါမြို့သာသနာ့ဗိမာန်တော်ကြီး၌ကျင်းပရာ ရှေးဦးစွာ နမောတဿဘုရားရှိခိုးဖြင့် အခမ်းအနားကိုဖွင့်လှစ်၍ မြို့နယ်သံဃနာယကအဖွဲ့အကျိုးတော်ဆောင် လုံဟောရွာဦးကျောင်း ဆရာတော်သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တအဇ္ဇဝါစာရထံမှ ငါးပါးသီလကို ခံယူဆောင်တည်ကြသည်။


ဆက်လက်၍ ဂန့်ဂေါမြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မြို့ခင်းသာပရိယတ္တိစာသင်တိုက်ဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တဇဋိလအမှူးပြုသည့် ဆရာတော်သံဃာတော် အရှင်သူမြတ်များထံမှ မေတ္တာသုတ်အစရှိသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။ ထို့နောက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တဇဋိလထံမှ ကထိန်အနုမောဒနာတရားတော်ကိုနာယူကြည်ညိုကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးသိန်းနှင့်ဇနီး ဒေါ်သွဲ့ဝေလွင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်နှင့်ဇနီးဒေါ်စုမြတ်မွန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနှင့်ဇနီးဒေါ်နန်းစံစံထွေးတို့နှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက ကထိန်ခံကျောင်းများအား ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းပြီးနောက် ဆရာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။


ယခုနှစ်တွင် ကျင်းပပြုလုပ်သည့် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာသည် (၂၉)ကြိမ်မြောက် ဖြစ်ပြီး ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များက မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ပဒေသာပင်(၁၅)ပင်ကို စုပေါင်းလှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုအတွက် ငွေကျပ်(၂၇,၈၅၉,၁၀၀/-) အား လှူဒါန်းကုသိုလ်ပြုခဲ့ကြကြောင်း သိရသည်။


မောင်မျိုးမင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)