မရမ်းကုန်းမြို့နယ်တွင် ကြက်ခြေနီအသင်းခွဲ ရှေးဦးပြုစုခြင်းအခြေခံသင်တန်း (၆/၂၀၂၄) သင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မရမ်းကုန်းမြို့နယ်တွင် ကြက်ခြေနီအသင်းခွဲ ရှေးဦးပြုစုခြင်းအခြေခံသင်တန်း (၆/၂၀၂၄) သင်တန်းဆင်းပွဲကျင်းပ

 


မရမ်းကုန်း  ၊ နိုဝင်ဘာ ၁၁


ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် မြို့နယ်ကြက်ခြေနီ အသင်းခွဲ ရှေးဦးပြုစုခြင်းသင်တန်း(၆/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။


ရှေ့ဦးစွာ ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီဥက္ကဌဒေါက်တာဇော်ဌေးမှ ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး ဆက်လက်၍ ဗဟိုကောင်စီဝင်ဦးဇွဲရန်နိုင်က သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခြင်း၊ တိုင်းဒေသကြီး ကြက်ခြေနီဥက္ကဋ္ဌက ၂၀၂၄ ခုနှစ်အတွင်း စွမ်းစွမ်းတမံပါဝင် ကူညီခဲ့ကြသော ကြက်ခြေနီစေတနာ လုပ်အားရှင်များအား  ဂုဏ်ပြုလက်မှတ်များကို အသီးသီးချီးမြှင့်‌ ပေးအပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ  ရှေးဦးပြုစုခြင်းအခြေခံသင်တန်း (၆/၂၀၂၄)သင်တန်းဆင်းပွဲနှင့်  ဂုဏ်ပြုလက်မှတ်များ ပေးအပ်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးကြက်ခြေနီဥက္ကဋ္ဌ ဒေါက်တာဇော်ဌေး၊ ဗဟိုကောင်စီဝင် ဦးဇွဲရန်နိုင်နှင့် ခရိုင်ကြက်ခြေနီ၊ မြို့နယ်ကြက်ခြေနီဥက္ကဋ္ဌ အသင်းခွဲအမှုဆောင်များ၊ မြို့နယ်တပ်ဖွဲ့မှုးများ၊ တပ်ဖွဲ့ဝင်များ၊ သင်တန်းဆင်း လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များ ကျား(၇၀) ဦး၊ မ( ၃၀) ဦး စုစုပေါင်း (၁၀၀ )ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)