ကယားပြည်နယ်ဝန်ကြီးချုပ် တက္ကသိုလ်နှင့် ကောလိပ်ကျောင်းများ ဖွင့်လှစ်ရန် ပြင်ဆင်စီမံဆောင်ရွက်မှုများ၊ အခြေခံပညာကျောင်းနှင့် ဝန်ထမ်းအိမ်ရာများ ပြုပြင်ဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ်ဝန်ကြီးချုပ် တက္ကသိုလ်နှင့် ကောလိပ်ကျောင်းများ ဖွင့်လှစ်ရန် ပြင်ဆင်စီမံဆောင်ရွက်မှုများ၊ အခြေခံပညာကျောင်းနှင့် ဝန်ထမ်းအိမ်ရာများ ပြုပြင်ဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေး




လွိုင်ကော်၊ နိုဝင်ဘာ  ၁၇

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းများနှင့် သင်တန်းကျောင်းများ အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေး အလေးထားစီမံအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် လွိုင်ကော်ပညာရေးဒီဂရီ ကောလိပ်ကျောင်းများအား နိုဝင်ဘာလ တတိယပတ်တွင်  ဖွင့်လှစ်သွားမည်ဖြစ်၍ ကယားပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ကွန်ပျူတာတက္ကသိုလ်နှင့် လွိုင်ကော်ပညာရေးဒီဂရီ ကောလိပ်ကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်ပညာရေးဒီဂရီကောလိပ် ကျောင်းသို့သွားရောက်ကာ ပင်မကျောင်းဆောင်၊ စာသင်ဆောင်များ၊ သင်တန်းသား/သင်တန်းသူ အိပ်ဆောင်များ၊ စားရိပ်သာများအား ကျောင်းဖွင့်ကာလအမီအသင့်ဖြစ်စေရေးအတွက် ကြိုတင် ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချယ်ရီထွန်းက သင်တန်းသား၊ သင်တန်းသူများ ရောက်ရှိတက်ရောက်မည့် အခြေအနေများနှင့် နေရာချထားမည့်အစီအမံများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး တပ်မတော်တပ်ရင်းတပ်ဖွဲ့များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ကျောင်းဝန်း အတွင်း စုပေါင်းသန့်ရှင်ရေးဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)၌ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးဆောင်ရွက်နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုအားပေးသည်။ ထို့နောက် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများ၊ ကျောင်းဖွင့်ရာသီတွင် အဆင်ပြေစွာ ပညာသင်ကြားနိုင်ရေး စာသင်ဆောင်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးရာနည်းပညာတက္ကသိုလ်(လွိုင်ကော်)ကျောင်းအုပ်ကြီး ဒေါက်တာ ခိုင်ဇော်နိုင်နှင့် ကွန်ပျူတာတက္ကသိုလ် (လွိုင်ကော်) ကျောင်းအုပ်ကြီး ဒေါက်တာသင်းသင်းထွေးတို့က ကျောင်းဖွင့်ရာသီတွင် လာရောက်ပညာသင်ကြားမည့်အခြေအနေ၊ စာသင်ဆောင်၊ အိပ်ဆောင်များစီမံထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားမှု အဆင်ပြေစေရေး စနစ်တကျစီမံပေးရန်နှင့် ကျောင်းဘောလုံးကွင်းများအား အားကစားပွဲများ ကျင်းပ နိုင်သည်အထိ ပြင်ဆင်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအားမှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ထို့နောက် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းအစည်းအဝေးခန်းမ ဆောင်နှင့် ကျောင်းဆောင်များ ပြင်ဆင်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းအတွင်း ထိခိုက် ပျက်စီးခဲ့သည့် ကျောင်းဆောင်များ ထပ်မံပြုပြင်ပေးရန်၊ ကျောင်းဆောင်များသို့ သွားရောက်သည့် လမ်းများအား ကွန်ကရစ်ခင်းပေးရန်နှင့်  ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး စနစ်တကျဆောင်ရွက်သွားရန် သက်ဆိုင်ရာ တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်၍ နောင်ယား(က)ရပ်ကွက်၊ စုပေါင်းဝန်ထမ်းအိမ်ရာ၌  အုတ်တံတိုင်း ခြံစည်းရိုး ဆောင်ရွက်နေမှု၊ ဝန်ထမ်းအိမ်ရာများ အချောသတ် ပြင်ဆင်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သက်မှတ်ကာလအမီ အမြန်ဆုံးပြီးစီးနိုင်ရေး၊  သက်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဖြစ်စေရေးတို့ကို သက်ဆိုင်ရာ တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ရန်မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်းသိရသည်၊၊


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)