ကျွမ်းကျင်လုပ်သားများမွေးထုတ်ပေးနိုင်ရေး လုပ်ငန်းစဉ်များတွင် အပြည့်အဝ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန် လိုအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွမ်းကျင်လုပ်သားများမွေးထုတ်ပေးနိုင်ရေး လုပ်ငန်းစဉ်များတွင် အပြည့်အဝ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန် လိုအပ်


နေပြည်တော်၊ နိုဝင်ဘာ ၁၂

ပြည်တွင်း၊ ပြည်ပလုပ်သား ဈေးကွက်မှလိုအပ်သော ကျွမ်းကျင်လုပ်သားများ တိုးမြှင့်မွေးထုတ်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က အလုပ်သမားဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ NSSA အသိ အမှတ်ပြုသင်တန်းကျောင်းများ၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အသိအမှတ်ပြုသင်တန်းကျောင်းများ၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့ (NSSA)မှ အတည်ပြုပြဋ္ဌာန်းထားသော အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုစံများနှင့်အညီ လေ့ကျင့်သင်ကြားပေးမည့် သင်တန်းကျောင်းများကို NSSA အသိအမှတ်ပြု သင်တန်းကျောင်းများအဖြစ် အသိအမှတ်ပြုမှတ်ပုံတင် လက်မှတ်ထုတ်ပေးလျက်ရှိကြောင်း၊ ၂၀၁၉ ခုနှစ်မှ ၂၀၂၄ ခုနှစ် အောက်တိုဘာလအထိ အသိအမှတ်ပြု မှတ်ပုံ တင်လက်မှတ် ထုတ်ပေးခဲ့သည့် သင်တန်းကျောင်း ၂၀ ရှိပြီဖြစ်ကြောင်း။

ထို့အတူ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အသိအမှတ်ပြု သင်တန်းကျောင်းများအဖြစ် မှတ်ပုံတင်လက်မှတ်ထုတ်ပေးမှုကို ၂၀၁၅ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ် အောက်တိုဘာလအထိ အသိအမှတ်ပြုမှတ်ပုံတင်လက်မှတ်ထုတ်ပေးခဲ့သည့် သင်တန်းကျောင်း ၂၄ ကျောင်းရှိကြောင်း၊ ကျွမ်းကျင်လုပ်သားမွေးထုတ်ပေးရန် လိုအပ်သည့် သင်တန်းသုံးအထောက်အကူပြု ပစ္စည်းများ၏ အရည်အသွေးပြည့်ဝမှု၊ သင်တန်းနည်းပြများ၏ သတ်မှတ်အရည်အချင်းပြည့်မီရေး၊ နှစ်စဉ်မွေးထုတ်ပေးနိုင်မည့် သင်တန်းသားဦးရေ လုံလောက်စွာ ရရှိနိုင်မှုစသည့် စိန်ခေါ်မှုများ တည်ရှိနေသည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် ကုန်ထုတ်စွမ်းအားတိုးမြှင့်ပေးနိုင်ရေးနှင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး လုပ်ငန်းစဉ်များတွင် အပြည့်အဝ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသူများက လိုအပ်သော ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ တွေ့ကြုံနေရသည့်အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် ကျွမ်းကျင်လုပ်သား စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေး၊ ရေရှည်ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် လိုအပ်ချက်များ၊ အလုပ်အကိုင်အခွင့်အလမ်း ချိတ်ဆက်ပေးနိုင်မှုများကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)