ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ကျောက်မီးသွေးမှ ဓာတ်မြေဩဇာထုတ်လုပ်သည့်စက်ရုံသို့ သွားရောက်ကြည့်ရှုလေ့လာပြီး နည်းပညာ စနစ်တကျ လွှဲပြောင်းရရှိရေးအတွက် ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ကျောက်မီးသွေးမှ ဓာတ်မြေဩဇာထုတ်လုပ်သည့်စက်ရုံသို့ သွားရောက်ကြည့်ရှုလေ့လာပြီး နည်းပညာ စနစ်တကျ လွှဲပြောင်းရရှိရေးအတွက် ဆွေးနွေး


နေပြည်တော်၊ နိုဝင်ဘာ ၁၂

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၉ ရက်တွင် ချန်းကျိုမြို့ရှိ ကျောက်မီးသွေးမှ ဓာတ်မြေဩဇာထုတ်လုပ်သည့် စက်ရုံ Lu An Chemical Plant သို့ သွားရောက်လေ့လာရာ စက်ရုံတာဝန်ရှိသူများက ထုတ်လုပ်မှုလုပ်ငန်းစဉ် အဆင့်ဆင့်ကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းတင်ပြကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၀ ရက်တွင် ပေကျင်းမြို့ရှိ Aerospace Museum နှင့် CETEC (Changzheng Engineering Technology Co., Ltd.) ၏ Research and Development Center တို့သို့ သွားရောက်လေ့လာကြပြီး CETEC ရုံးချုပ်တွင် CETEC မှတာဝန်ရှိသူများနှင့်တွေ့ဆုံကာ ကျောက်မီးသွေးမှ ဓာတ်မြေဩဇာထုတ်လုပ်ရာတွင် အဓိကကုန်ကြမ်းဖြစ်သော ကျောက်မီးသွေးကို အရည်အသွေးပြည့်မီစွာ စဉ်ဆက်မပြတ်ရရှိရေးအတွက် အကြိုလေ့လာဆန်းစစ်မှုများကို တိကျသေချာစွာစိစစ်ဆောင်ရွက်ရေး၊ Clean Coal Technology (CCT) ကဲ့သို့သော အဆင့်မြင့်နည်းပညာများအသုံးပြုခြင်းဖြင့် ပတ်ဝန်းကျင်ထိ ခိုက်ညစ်ညမ်းမှုဖြစ်ပေါ် စေမှုအားလျှော့ချနိုင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရန် နိုင်ငံတကာ စံချိန်စံနှုန်းနှင့်အညီ ဆောင်ရွက်နိုင်ရေး၊ စီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အသုံးပြုမည့်အဆင့်မြင့် နည်းပညာများအား စနစ်တကျလွှဲပြောင်းရရှိရေး၊ Human Resourses (HR) မြင့်မားစေရေးအတွက် စာတွေ့၊ လက်တွေ့သင်တန်းများဖွင့်လှစ်၍ လေ့ကျင့်သင်ကြားပေးနိုင်ရေး စသည့်ကိစ္စရပ်များနှင့်ပတ်သက်၍ အပြန်အလှန်ဆွေးနွေးကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ယနေ့တွင် ပေကျင်းမြို့ရှိ WISDRI Engineering & Research Incorporation Limited အစည်းအဝေးခန်းမ၌ ကျောက်မီးသွေးမှ ဓာတ်မြေဩဇာထုတ်လုပ်မှုနည်းစဉ်များတွင် အဓိကအသုံးပြုမည့် အအေးလွန်နည်းပညာအသုံးပြု၍ အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင်ကိုထုတ်ယူသည့်နည်းပညာဆိုင်ရာများ၊ လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို ကျောက်မီးသွေးမှတစ်ဆင့်ထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာများနှင့်ပတ်သက်၍ သက်ဆိုင်ရာပညာရှင်များက ရှင်းလင်းတင်ပြခဲ့မှုအပေါ်တွင် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)