မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်းဖွင့်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်းဖွင့်ပွဲ ကျင်းပ


နေပြည်တော်၊ နိုဝင်ဘာ ၁၂

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ မဲပေးစက်အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ် သင်တန်းအမှတ်စဉ်(၉/၂၀၂၄) သင်တန်းဖွင့်ပွဲကို ယမန်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး တိုးချဲ့ရုံးအဆောက်အအုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲမတိုင်မီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်သည်များကို ပြည့်စုံအောင်ဆောင်ရွက်လျက်ရှိကြောင်း၊ မဲစာရင်းများပြုစုရာတွင် ဥပဒေနှင့်အညီဖြစ်စေရေး၊ မဲစာရင်းများမှန်ကန်ရေးနှင့်လူတစ်ဦးတည်း နှစ်ကြိမ်ထပ်၊ သုံးကြိမ်ထပ်နေမှုများ မဖြစ်စေရေးအတွက် Admin DEO Software နှင့် CVLMS Software များ ရေးဆွဲပြုစုလျက်ရှိကြောင်း၊ ယခုသင်တန်းသည်ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲပေးစက် MEVM စက်အသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်သည့်သင်တန်းဖြစ်ကြောင်း၊ MEVM စက်ကို မြန်မာပညာရှင်များ စမ်းသပ်တီထွင်ထုတ်လုပ်ခဲ့ပြီး ဝန်ကြီးဌာနအဖွဲ့အစည်းများနှင့် တိုင်းဒေသကြီးလေးခုအပါအဝင် နေပြည်တော်ကောင်စီနယ်မြေမှ မဲဆန္ဒရှင်ပြည်သူ တစ်သိန်းကျော်ခန့်ကို ရှင်းလင်းပြသ လက်တွေ့စမ်းသပ်မှု ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားသည်။

သင်တန်းတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) တည်ဆောက်ပုံနည်းလမ်းများ၊ စက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ဖြန့်ခွဲပုံ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌မဲပေးစက်တပ်ဆင်ခင်းကျင်းပုံ၊ မဲရလဒ်ရေတွက်ပုံ၊ နည်းဥပဒေပါအတိုင်း မဲရလဒ်စာရင်းပြုစုပုံ၊ မဲပေးစက်အားပြန်လည်ထုပ်ပိုးသိမ်းဆည်းပုံတို့ကို လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ သင်ကြားပြသပေးမည်ဖြစ်သည်။

သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး တာဝန်ရှိသူများနှင့် ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ သင်တန်းသား ၂၉ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကို နိုဝင်ဘာ ၁၁ ရက်မှ ‌၁၃ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)