ရွှေတောင် ၊ နိုဝင်ဘာ -၁၂
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆)နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟံဝင်းအောင်က ဌာနနှစ်ပတ်လည်နေ့ကျင်းပရသည့် ရည်ရွယ်ချက်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ သမိုင်းကြောင်းကို ရှင်းလင်းအမှာစကား ပြောကြားသည်။
ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ လက်ရှိတာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအား နှစ်ပတ်လည်နေ့ အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခြင်းတို့ကို တစ်ပျော်တစ်ပါးပြုလုပ်ပေးခဲ့ကြရာ ဝန်ထမ်းများကိုယ်စား ဝန်ထမ်းတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment