ပေါင်မြို့နယ်၌မီးခိုး /မြူငွေ့လျှော့ချရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်‌ ရေးနှင့်လျော့နည်းစေရေး အသိပညာပေးဟောပြောပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌မီးခိုး /မြူငွေ့လျှော့ချရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်‌ ရေးနှင့်လျော့နည်းစေရေး အသိပညာပေးဟောပြောပွဲပြုလုပ်




ပေါင် ၊ နိုဝင်ဘာ  ၁၁

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ သထုံခရိုင်သစ်တောဦးစီးဌာနမှ ဦးဆောင်၍ မီးခိုး /မြူငွေ့လျှော့ချရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်‌ ရေးနှင့်လျော့နည်းစေရေး အသိပညာပေးဟောပြောကို ယနေ့နံနက် (၁၀)နာရီက (အထက) ပေါင် ရွှေရတုခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သထုံခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်ထူး မှ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ခေါင်းစဉ်ဖြင့်  ကျောင်းသား၊ကျောင်းသူများကို အကျယ်တဝင့်ဟောပြောခဲ့သည်။

ဆက်လက်၍ သထုံခရိုင်၊ သစ်တောဦးစီးဌာန၊ဦးစီးအရာရှိဦးစိုးမင်းအောင်မှ လေထုညစ်ညမ်းခြင်းနှင့် မီးခိုးမြူငွေ့အန္တရာယ်လျှော့ချရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ပေါင်မြို့နယ်တာဝန်ခံတောအုပ်ကြီးဦးဇော်လွင်ဦးမှမြန်မာ့ဒီရေတောများအကြောင်းခေါင်းစဉ်ဖြင့်လည်းကောင်း ၊ အသီးသီး ဆွေးနွေးဟောပြောခဲ့ကြပြီး တက်ရောက်လာသူများမှ သိလိုသည့် မေးခွန်းများ‌ ကိုမေးမြန်းခဲ့ရာ  တာဝန်ရှိသူများ က  ပြန်လည်  ဖြေကြားခဲ့သည်။

ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ သူ(၁၄၃)ဦးအား သစ်ပင်စိုက်ပျိုးခြင်းဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရ

သည်။

 

မွန်မလေး 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)