ဖလမ်း၊ နိုဝင်ဘာ ၁၁
ချင်ပြည်နယ်၊ ဖလမ်းမြိုနယ်အတွင်း နိုဝင်ဘာ ၁၀ ရက်နေ့ မနက်ပိုင်းအချိန်က နယ်မြေရှင်းလင်းနေသည့် စစ်ကြောင်းများနှင့် အကြမ်းဖက် CDF အင်အား ၆၀ ကျော်ခန့်တို ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး CDF အကြမ်းဖက်သမား ၁၁လောင်း ရရှိခဲ့ကြောင်း သိရသည်။
ထိတွေ့မှုဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်သမား ၁၁လောင်း နှင့်အတူ သေနတ်မျိုးစုံ ၁၃ လက် ( MA-1 ၆ လက်၊ MA-3 ၁ လက်၊ BA-63 ၂ လက်၊ MA-12 ၁ လက်၊ M-16 ၁ လက်၊ M-22 ၁ လက်၊ RPG(M-12) ၁ လက်)နှင့် ကျည်မျိုးစုံ ၁၀၅ တောင့်၊ ကျည်အိမ် ၅ ခု၊ RPG ဒုံးသီး ၆ လုံး၊ ပိုကျည် ၄ တောင့် တို့အား သိမ်းဆည်းရခဲ့သည်။
CDF အကြမ်းဖက်သမား အလောင်း ၈ လောင်းအား တိုက်ပွဲဖြစ်ပွားရာနေရာတွင် ရရှိခဲ့ခြင်းဖြစ်ပြီး နယ်မြေလိုက်ရှင်းစဉ် ချုံပုတ်အတွင်း ထိုးထည့်ဖွက်ထားသည့် ရန်သူ့အလောင်း ၃ လောင်း အား ထပ်မံရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment