မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ တက်ရောက်အားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ တက်ရောက်အားပေး





မော်လမြိုင်၊ နိုဝင်ဘာ ၂၃

၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းနှင့် အလယ်တန်း ကျောင်းသား၊ ကျောင်းသူများ (ပြည်နယ်အဆင့်) အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်း၊  ယင်းမာခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရာတွင် မျိုးဆက်သစ်များ၏ ပညာရေးကဏ္ဍ တိုးတက်မြင့်မားလာစေရေးအတွက် အထူးအလေးပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေခြင်းးအားဖြင့် ကျောင်းသူ၊ ကျောင်းသားလေးများ သင်ယူမှု၊ နားလည်မှုအား တိုးတက်စေခြင်း၊ ပြိုင်ဆိုင်လိုစိတ်များ ဖွံ့ဖြိုးစေခြင်းတို့အပြင်၊ အရည်အချင်းများ အသိပညာများ ပိုမိုတိုးတက်ကာ နိုင်ငံတကာနှင့် ဝင်ဆံ့ရင်ဘောင်တန်းနိုင်မည် ဖြစ်ကြောင်း၊ ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် ခေတ်နဲ့အညီ ဖွံ့ဖြိုးတိုးတက် နေတဲ့ ပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးပြီး ထူးချွန်ထက်မြက်သည့် အနာဂတ် သားကောင်းရတနာ၊ သမီးကောင်းရတနာလေးများ ဖြစ်ကြစေရန် ကြိုးစားအားထုတ်သွားကြရန် တိုက်တွန်းလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဝင် ပဉ္စမတန်း (Grade 5) ကျောင်းသူ၊ ကျောင်းသားလေးများ၏ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ဝင်‌ရောက် ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ ပြည်နယ်ကြီးချုပ်က ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူလေးများနှင့် ဆရာ၊ ဆရာမများ၊ မိဘအုပ်ထိန်းသူမျူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး ပြိုင်ပွဲအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


စည်သူ

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)