ကော့သောင်းမြို့တွင် (၃၀)ကြိမ်မြောက် ခရိုင်နှင့်မြို့နယ်ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ပွဲတော် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့သောင်းမြို့တွင် (၃၀)ကြိမ်မြောက် ခရိုင်နှင့်မြို့နယ်ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ပွဲတော် ကျင်းပ

 



ကော့သောင်း  ၊  နိုဝင်ဘာ ၁၀


တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ခရိုင်နှင့်မြို့နယ်ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန်အလှူတော်ကို ယနေ့နံနက်ပိုင်းက ပြည်တော်အေးသာသနာ့ဗိမာန်‌တွင် ကျင်းပပြုလုပ်ခဲ့ရာ ရှေးဦးစွာ ခရိုင်နှင့်မြို့နယ်ဝန်ထမ်းမိသားစုတို့သည် ပုရိမဝါမထ‌မြောက်ကြကုန်သော သံဃာတော်အရှင်သူမြတ်တို့အား လှူဒါန်းကြမည့်  လှူဖွယ်ဝတ္ထု၊ပစ္စည်း၊ ငွေပဒေသာပင်များအား နံနက်(၇)နာရီခွဲခန့်မှ စတင်၍ ကော့သောင်းမြို့(၃)မိုင် ပြည်သူ့ရင်ပြင်မှ ကော့သောင်းမြို့ အတွင်း စီတန်းလှည့်လည်၍ ပြည်တော်အေးသာသနာ့ဗိမာန်တော်သို့ လိုက်ပါပို့ဆောင်ခဲ့ကြသည်။


ထို့နောက် စုပေါင်းမဟာဘုံကထိန်အလှူတော်အား နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဧည့်ပရိသတ်အပေါင်းတို့က သံဃာတော်အရှင်သူမြတ်များအား ဩကာသကန်တော့ချိုးဖြင့် ရှိခိုးပူဇော်ခဲ့ပြီး ရွှေပြည်သာကျောင်းတိုက်ဆရာတော် ဥူးပါမောက္ခထံမှ သရဏဂုံနှင့် ငါးပါးသီလ ခံယူ‌ဆောက်တည်ခဲ့ကြသည်။ ဆက်လက်၍ ဆရာတော်အရှင်သူမြတ်များမှ ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ်ခဲ့ပြီး  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင် ကထိန်လျာမည်ဆန်းညှပ်သင်္ကန်း ဆက်ကပ်၍၊ စစ်ဗျူဟာအဖွဲ့(အခြေချ)ကော့သောင်းမှစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး တင်မောင်ကျော်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြတ်မင်းထွေးနှင့်ဇနီး၊ ခရိုင်လဝကမှူး ဦးကိုကိုနိုင်နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲတို့မှ သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုများနှင့် ကထိန်သင်္ကန်းများအား ဆည်းကပ်လှူဒါန်းခဲ့ကြသည်။


ယင်းနောက် ရွှေပြည်သာ‌ကျောင်းတိုက်ဆရာတော် ဥူးပါမောက္ခမှ ကထိန်သင်္ကန်း လှူဒါန်းပူဇော်ရခြင်း၏ အကျိုးတရားများနှင့် အနုမောဒနာတရားချီးမြှင့်ခဲ့ပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ယင်းနောက် ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း၍ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာအသီးသီးမှ စုပေါင်းလှူဒါန်းထားသော ပဒေသာပင်(၅၉)ပင်များနှင့် ဝတ္ထုငွေများအား ကော့သောင်းမြို့နယ်အတွင်းမှ ဘုန်းတော်ကြီးကျောင်းများအတွက် တာဝန်ရှိသူများက မဲနှိုက်၍ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)