မကွေးတိုင်းဒေသကြီးတွင် မှုခင်းလက်ကျန် ကျဆင်းရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးတွင် မှုခင်းလက်ကျန် ကျဆင်းရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

 






မကွေး  ၊ နိုဝင်ဘာ ၁၀


မကွေးတိုင်းဒေသကြီးအတွင်းရှိ တရားရုံးများတွင် မူခင်းလက်ကျန်ကျဆင်းရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မကွေးတိုင်းဒေသကြီး တရားလွှတ်တော်ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပသည်။ရှေးဦးစွာ မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်က အမှာစကား ပြောကြားရာတွင် မှုခင်းလက်ကျန်များ အခြေအနေနှင့် မှုခင်းများ အမြန်ပြီးဖြတ်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။ထို့နောက် တရားလွှတ်တော်တရားသူကြီး ဒေါ်သင်းသင်းချိုက မှုခင်းများ မြန်ဆန်စွာ ပြီးပြတ်ရေး ဆောင်ရွက်ရန် အချက်များကိုလည်းကောင်း၊ တရားလွှတ်တော်တရားသူကြီး ဒေါ်ခင်နှင်းထွဋ်က တွေ့ကြုံရသော အခက်အခဲများကို ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန် အချက်များကိုလည်းကောင်း၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးခင်မောင်မြင့်က အမှုလက်ကျန်လျော့နည်းကျဆင်းရေးနှင့် တရားစီရင်ရေးနှင့် စပ်လျဉ် းသည့် စီမံခန့်ခွဲရေး ကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး အဆိုပါအခမ်းအနားကို မကွေးတိုင်း ဒေသကြီးတရားလွှတ်တော်မှ တရားရေးအရာရှိများ၊ မကွေးခရိုင်၊ မင်းဘူးခရိုင်၊ မကွေးမြို့နယ်၊ မင်းဘူးမြို့နယ် တရားရုံးများမှ တရားသူကြီးများ တက်ရောက်ကြပြီး ကျန်ရှိသည့် ခရိုင်နှင့်မြို့နယ်တရားရုံးများမှ တရားသူကြီးများက Online စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။


အောင်ကို(ဖန်ခါးမြေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)