မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်စိုးဝင်းသည် Public Gold ဥက္ကဋ္ဌ၏ ဖိတ်ကြား ချက်ဖြင့် Menara Public Gold ဌာနချုပ်သို့ သွားရောက်လည်ပတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်စိုးဝင်းသည် Public Gold ဥက္ကဋ္ဌ၏ ဖိတ်ကြား ချက်ဖြင့် Menara Public Gold ဌာနချုပ်သို့ သွားရောက်လည်ပတ်

 





ကွာလာလမ်ပူ၊ နိုဝင်ဘာ ၁၂

မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်စိုးဝင်းသည် Malaysia Gold Association ၏ ဥက္ကဋ္ဌနှင့် Public Gold ရွှေလုပ်ငန်း၏ ဥက္ကဋ္ဌဖြစ်သူ Dato Wira Louis Ng Chun Hau ၏ ဖိတ်ကြားချက်ဖြင့် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ Menara Public Gold သို့ ၁၂-၁၁-၂၀၂၄ ရက်၊ နံနက်ပိုင်းတွင် သွားရောက်ခဲ့ကြောင်း သိရသည်။ 

ယင်းသို့သွားရောက်ခဲ့စဉ် သံအမတ်ကြီးမှ Public Gold အရောင်းပြခန်းရှိ Gold ATM Machine အပါအဝင် ရွှေတုံးရွှေခဲနှင့် အဖိုးတန်လက်ဝတ်ရတနာများ၊ Public Safe ရှိ ရွှေနှင့်အဖိုးတန်ပစ္စည်းများ လက်ခံသိမ်းဆည်းသည့် ဘဏ်တိုက်တို့သို့ လှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရသည်။ 

ယင်းသို့တွေ့ဆုံ စဉ် သံအမတ်ကြီးနှင့် Dato Wira Louis Ng Chun Hau တို့မှ အမှတ်တရလက်ဆောင်များအပြန်အလှန် ပေးအပ်ခဲ့ကြပြီး မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံတို့အကြား ရွှေလုပ်ငန်းတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်းဆောင်ရွက်မည့် အခွင့်အလမ်းများအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။ 


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)