သူ့အကျိုးပြုကျောင်းသားများပါတီ၏ လျှောက်ထားချက်အပေါ် မှတ်ပုံတင်ခြင်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိသဖြင့် UEC က ပယ်ချလိုက်ပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သူ့အကျိုးပြုကျောင်းသားများပါတီ၏ လျှောက်ထားချက်အပေါ် မှတ်ပုံတင်ခြင်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိသဖြင့် UEC က ပယ်ချလိုက်ပြီ

 


နေပြည်တော်၊ နိုဝင်ဘာ ၂၉

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက် သတင်းထုတ်ပြန်ချက်တွင် သူ့အကျိုးပြုကျောင်းသားများပါတီ၏ လျှောက်ထားချက်အပေါ် မှတ်ပုံတင်ခြင်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိသဖြင့် ငြင်းပယ်လိုက်သည်။

UEC ၏ ထုတ်ပြန်ချက်တွင် "နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ ပါတီဆက်လက်တည်ထောင်မှတ်ပုံတင်ပေးပါရန် ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ၏ လျှောက်ထားချက်အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ စိစစ်ပြန်ကြားချက်များအရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိကြောင်း တွေ့ရှိရပါသဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်စုံညီအစည်းအဝေး အမှတ်စဉ် (၃၄/၂၀၂၄) ဆုံးဖြတ်ချက်အရ ယင်းပါတီ၏ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများပါ ပုံစံ (ဆ) ဖြင့် ငြင်းပယ်လိုက်ကြောင်း ထုတ်ပြန်အပ်ပါသည်။" ဟု ကြေညာလိုက်ခြင်း ဖြစ်သည်။


Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)