ဝါရှင်တန်၊ ဒီဇင်ဘာ ၁၄
ဝါရှင်တန်မြို့အခြေစိုက် အာဆီယံကော်မတီဝါရှင်တန် (ASEAN Committee in Washington, ACW) ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည့် အမေရိကန်နိုင်ငံ ဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီး H.E. Mr. Jose Manuel G. Romualdez က အာဆီယံကော်မတီ ဝါရှင်တန်၏ အလှည့်ကျဥက္ကဋ္ဌ ရာထူးလွှဲပြောင်းသည့် အခမ်းအနားနှင့် နှစ်သစ်ကူးအကြို ဧည့်ခံပွဲကို ၁၂-၁၂-၂၀၂၄ ရက်၊ ညနေပိုင်းတွင် ဖိလစ်ပိုင်သံရုံး၌ ကျင်းပခဲ့ရာ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးသက်ဝင်းသည် ဝါရှင်တန်မြို့အခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများနှင့်အတူ ပါဝင်တက်ရောက်ခဲ့သည်။
အခမ်းအနားသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာတာဝန်ရှိသူများနှင့် အာဆီယံသံရုံးများနှင့် မိတ်ဆွေနိုင်ငံများမှ သံတမန်များ တက်ရောက်ခဲ့ကြသည်။
ဖိလစ်ပိုင် သံအမတ်ကြီးက အာဆီယံကော်မတီ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်ကာလအတွင်း ဆောင်ရွက်ပြီးစီးမှုများနှင့်စပ်လျဉ်း၍ မိန့်ခွန်းပြောကြားခဲ့ပြီးနောက် အာဆီယံကော်မတီ ဝါရှင်တန်၏ အလှည့်ကျဥက္ကဋ္ဌရာထူးအား ဆက်လက်တာဝန်ယူဆောင်ရွက်မည့် အမေရိကန် နိုင်ငံဆိုင်ရာ စင်ကာပူသံအမတ်ကြီး H.E. Mr. Lui Tuck Yew ထံသို့ တာဝန်လွှဲပြောင်း ပေးအပ်ခဲ့သည်။
စင်ကာပူသံအမတ်ကြီးက ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပြီး နှစ်သစ်ကူးအကြိုဧည့်ခံပွဲကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost


No comments:
Post a Comment