ရန်ကုန်၊ ဒီဇင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အောက်ဝါးနက်ချောင်း ကျေး ရွာအုပ်စုရှိ ဒေသခံပြည်သူများကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာ နချုပ်၊နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာအုပ်စု၊ စံပယ်ခြံတပ် ဦးကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ဆေးကုသမှုများ ဆောင်ရွက်ပေးရာတွင် သံဃာတော်(၆)ပါး အပါဝင် ဒေသခံပြည်သူ စုစုပေါင်း (၁၃၅) ဦးတို့ကို ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှုများကို မှော်ဘီတပ်နယ်မှ တာဝန်ရှိသူများ က သွားရောက်ကြည့်ရှု၍ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားများပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment