ဒုတိယဝန်ကြီး ဦးရဲတင့် မန္တလေးမြို့ Art Centre နှင့် မန္တလေးပုံနှိပ်စက်ရုံ ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒုတိယဝန်ကြီး ဦးရဲတင့် မန္တလေးမြို့ Art Centre နှင့် မန္တလေးပုံနှိပ်စက်ရုံ ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ ဒီဇင်ဘာ ၅

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့က မန္တလေးမြို့ Art Centre သို့ရောက်ရှိပြီး တာဝန်ရှိသူများ၊ ဆက်လက်ဆောင်ရွက်မည့် ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ တည်ဆောက်ရေးဆိုင်ရာကိစ္စများ ညှိနှိုင်းဆွေးနွေးကာ ရေရှည်ဆောင်ရွက်ရမည်ဖြစ်သော်လည်း ယခုဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးနိုင်မည့် အခြေခံလိုအပ်ချက်များ ဆက်လက်တည်ဆောက်ရေးညှိနှိုင်းခဲ့သည်။

မွန်းလွဲပိုင်းတွင် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန မန္တလေးပုံနှိပ်စက်ရုံသို့ ရောက်ရှိပြီး ကျောင်းသုံးစာအုပ်များ ပုံနှိပ်ထုတ်လုပ်မှု၊ စက်များပြုပြင်ကြံ့ခိုင်ရေးပြုလုပ်နေမှု၊ ပစ္စည်းများ သိုလှောင်ထားရှိမှုနှင့်အဆောက်အအုံများကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံမှူးနှင့် မန္တလေးမြို့ရှိ ပြန်ကြားရေးဝန်ကြီးဌာနအောက်ဌာနများမှ တာဝန်ခံအရာရှိများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့် စက်ရုံစစ်ကိုင်းဇုန်နယ်မှူးတို့ အားတွေ့ဆုံ၍ လုံခြုံရေးကိစ္စ၊ ဝန်ထမ်းရေးရာကိစ္စများနှင့် လုပ်ငန်းဆိုင်ရာကိစ္စများ၊ သန့်ရှင်းရေးနှင့် မီးဘေးအန္တရာယ်ကာကွယ်ရေးတို့အတွက် လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)