ဗဟန်းမြို့နယ်၌ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဗဟန်းမြို့နယ်၌ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ




ဗဟန်း , ဒီဇင်ဘာ ၅


ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့၌  ရန်ကုန်အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကျောင်းသား၊ ကျောင်းသူများ၏ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာလ(၃)ရက်နေ့ နံနက်(၁၀) နာရီအချိန်က အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။


ဦးစွာ ရန်ကုန်အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က လူငယ်စကားဝိုင်းကျင်းခြင်း၏ ရည်ရွယ် ချက်များကို ဆွေးနွေးပြောကြားခဲ့ပြီး ဗဟန်းမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြောကြားကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အမှာစကားပြောကြားခဲ့သည်။


ထို့နောက် ရန်ကုန်အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က ဦးဆောင်၍ လူငယ်စကားဝိုင်းကိုစတင်ခဲ့ရာ Grade-11 မှ မောင်ရဲ့ဝင့်ကျော်က လူငယ်နှင့်ပညာရေး၊ Grade-10 မှ မောင်ဇင်ကိုလတ်က လူငယ်နှင့်ယဥ်ကျေးမှု၊ Grade-11 မှ မောင်ဝင်းထွဋ်ခိုင်က လူငယ်နှင့်နည်းပညာ၊ Grade-11 မှ မခိုင်ဇာလင်းက လူငယ်နှင့်စာရိတ္တ၊ Grade - 9 မှ မအေးမြမြကျော်က လူငယ်နှင့်စာပေ၊ Grade - 7 မှ မသုန်ပြည့်ပြည့်ခင်က လူငယ်နှင့်အားကစား စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ခေါင်းစဉ်များအလိုက် သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြသည်။


ထို့နောက် ရန်ကုန်အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက ကျောင်းစာကြည့်တိုက်အတွက် သုတရသစာအုပ်များ လှူဒါန်းပေးအပ်ရာကျောင်း အုပ်ဆရာမကြီးက လက်ခံရယူခဲ့ကြောင်းနှင့် အခမ်းအနားအပြီးတွင် ကျောင်းသား/ကျောင်းသူများမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်းများကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)