အိမ်မဲမြို့နယ်တွင် ၂၀၂၄ ခုနှစ် ကျောင်းအခြေပြု ဆုံဆို့မေးခိုင်နှင့် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးများ ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိမ်မဲမြို့နယ်တွင် ၂၀၂၄ ခုနှစ် ကျောင်းအခြေပြု ဆုံဆို့မေးခိုင်နှင့် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးများ ထိုးနှံပေး



အိမ်မဲ , ဒီဇင်ဘာ ၅


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ၂၀၂၄ ခုနှစ် ကျောင်းအခြေပြု ဆုံဆို့မေးခိုင်ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း အခမ်းအနားကို အ.ထ.က (၂)ကျောင်းတွင် ဒီဇင်ဘာလ(၃)ရက်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးကျော်အောင်က ဆုံဆို့မေးခိုင်ရောဂါ၊ သားအိမ်ခေါင်းကင်ဆာ ရောဂါအကြောင်းနှင့် ထိုးနှံပေးရခြင်းအကြောင်းအား ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် KG ကျောင်းသား/သူများအား ဆုံဆို့မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်နှင့် (၉) နှစ် (၁၀) နှစ်အရွယ် ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းဆောင်ရွက်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေး0အသင်းအဖွဲ့များမှ ကြည့်ရှုအားပေးခဲ့သည်။ အိမ်မဲမြို့နယ်အတွင်းရှိ အခြေခံကျောင်းပေါင်း (၂၀၀)တွင်လည်း အဆိုပါကာကွယ်ဆေးများကို တစ်ပြိုင်တည်း ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။


ချစ်သက်လယ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)