ရေစကြိုမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ပြည်သူများထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသား ဝါဒဖြန့်ဝေလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေစကြိုမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ပြည်သူများထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသား ဝါဒဖြန့်ဝေလျက်ရှိ


နေပြည်တော်၊ ဒီဇင်ဘာ ၂

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ကမ္ဘဲ့ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၁ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့နောက် သမန္တပို့ကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု သတင်းတု၊ သတင်းအမှားကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသား ဝါဒဖြန့်ဝေနေသည်ကိုတွေ့ရှိရသည်။

ဖြစ်စဉ်အမှန်မှာ ၎င်းရက်နေ့တွင် ကမ္ဘဲ့ကျေးရွာအတွင်း PDF အမည်ခံအကြမ်းဖက်သမားများ ရောက်ရှိနေပြီး ဒေသခံပြည်သူများထံမှ ငွေကြေးကောက်ခံခြင်းနှင့် အဓမ္မလူသစ်စုဆောင်းခြင်းများ လုပ်ဆောင်နေကြောင်း တာဝန်သိပြည်သူတစ်ဦး၏ လျှို့ဝှက်စွာသတင်းပေးပို့ချက်အရ လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့်နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့ကြောင်း၊ ထို့နောက် အကြမ်းဖက် သမားများနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ရာ ကျေးရွာအတွင်းမှ အကြမ်းဖက်သမားများက နေအိမ် များကို မီးရှို့ဖျက်ဆီးပြီး ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်းနှင့် သမန္တပို့ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ ဝင်များက လက်နက်ကြီးပစ်ခတ်ခြင်းမရှိကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရ သိရှိရသည်။

PDF အမည်ခံအကြမ်းဖက်သမားများသည် ၎င်းတို့ရပ်တည်နိုင်ရေးအတွက် ဒေသခံပြည်သူများ ထံမှ ခြိမ်းခြောက်၍ ငွေကြေးတောင်းခံခြင်း၊ အဓမ္မလူသစ်စုဆောင်းခြင်းများ လုပ်ဆောင်လျက်ရှိပြီး ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို လက်မခံသည့် ကျေးရွာများကို မီးရှို့ဖျက်ဆီးကာ တရားမဝင် ပြည်ဖျက်မီဒီယာများမှတဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အပြစ်ပုံချပြီး ဝါဒဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)