ညောင်တုန်းမြို့နယ်၊ ဇီးဖြူကျွန်းကျေးရွာတွင် အုပ်ချုပ်ရေးမှူးက စစ်မှုမထမ်းလို၍ ငွေပေး ထားသည့် လူငယ်များကို ဖမ်းဆီးပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းသို့ အတင်းအကြပ်ပို့ဆောင် နေကြောင်း သတင်းတုသတင်းမှားများ ရေးသားဖြန့်ဝေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ညောင်တုန်းမြို့နယ်၊ ဇီးဖြူကျွန်းကျေးရွာတွင် အုပ်ချုပ်ရေးမှူးက စစ်မှုမထမ်းလို၍ ငွေပေး ထားသည့် လူငယ်များကို ဖမ်းဆီးပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းသို့ အတင်းအကြပ်ပို့ဆောင် နေကြောင်း သတင်းတုသတင်းမှားများ ရေးသားဖြန့်ဝေ


နေပြည်တော်၊ ဒီဇင်ဘာလ ၂

ဧရာ၀တီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ဇီးဖြူကျွန်းကျေးရွာတွင် အုပ်ချုပ်ရေးမှူးက စစ်မှုမထမ်းလို၍ ငွေပေးထားသည့် လူငယ်များကို ဖမ်းဆီးပြီး  ပြည်သူ့စစ်မှုထမ်းသင်တန်းသို့ အတင်းအကျပ်ပို့ဆောင်ခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိကြောင်းတွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းသတင်းမှာ မှန်ကန်မှုမရှိကြောင်းနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး စတင်အာဏာတည်သည့်နေ့မှစ၍ အများပြည်သူ သိရှိစေရန်နှင့် ဗဟုသုတရရှိစေရန်အတွက် သက်ဆိုင်ရာမြို့နယ်များအလိုက် တာဝန်ရှိသူများနှင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များက အသိပညာပေး ဆွေးနွေးခြင်းများလုပ်ဆောင်ခြင်း၊ နိုင်ငံ ပိုင်မီဒီယာများတွင်လည်း  တရားမဝင်ပြည်ဖျက်မီဒီယာများ၏ သတင်းတု၊ သတင်းအမှားများကို ပြည်သူများ သိရှိစေရန် ဖော်ပြလျက်ရှိကြောင်း၊ ပြည်သူများထံမှ မည်သည့်အကြောင်းနှင့်မှ ငွေကြေး တစ်စုံတစ်ရာကောက်ခံခြင်းမရှိကြောင်းနှင့် တရားမဝင်ပြည်ဖျက်မီဒီယာများက ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး ခေါင်းစဉ်အမျိုးမျိုး တပ်၍ မဟုတ်မမှန်လုပ်ကြံရေးသားထားသည့် သတင်းတု၊ သတင်းအမှားသာဖြစ်ကြောင်း သိရှိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)