နတ်မောက်မြို့နယ်တွင် ကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ပြီး နေအိမ်များကိုမီးရှို့နေကြောင်း သတင်းတု သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေ - Myanmar National Post

Myanmar National Post

News Agency

Breaking

နတ်မောက်မြို့နယ်တွင် ကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ပြီး နေအိမ်များကိုမီးရှို့နေကြောင်း သတင်းတု သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေ


နေပြည်တော်၊  ဒီဇင်ဘာ ၂

မကွေးတိုင်း‌ဒေသကြီး၊ နတ်မောက်မြို့နယ်ရှိ ကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက နိုဝင်ဘာလ နောက်ဆုံးပတ်ကစ၍ နေအိမ်များကိုမီးရှို့ဖျက်ဆီးသည့်အပြင် အရပ်သား တချို့ကို လည်းဖမ်းဆီးနေကြောင်း  သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက် မီဒီယာ များက လုပ်ကြံရေးသားဝါဒ ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာလုံခြုံရေးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ အကြမ်းဖက်သမားများအနေဖြင့် ပြည်သူလူထု၏ အကျိုးစီးပွားကို မငဲ့ကွက်ဘဲ မြို့၊ ရွာများအတွင်း ဝင်ရောက်၍ တိုက်ပွဲများဖော်ဆောင်လာခြင်းများကြောင့် မြို့/ရွာ များပျက်စီးရကြောင်း၊ သို့ဖြစ်၍ အကြမ်းဖက်သမားများ ဝင်ရောက်လာမှုမရှိစေရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက အဆိုပါမြို့နယ်အတွင်း လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန် တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လုပ်ကြံရေးသားပြီး လှုံ့ဆော်ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေ ဖြင့် နတ်မောက်မြို့နယ်အနီးတစ်ဝိုက်တွင် နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့သော်လည်း နေအိမ် များကို မီးရှို့ဖျက်ဆီးခြင်းမရှိကြောင်းနှင့် အကြမ်းဖက်သမားများကသာ ၎င်းတို့အပေါ် ထောက်ခံ အားပေးမှုမရှိသည့် ကျေးရွာများကို မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)