သမ္မတပူတင်နဲ့ တွေ့ချင်ပါတယ်လို့ အမေရိကန်သမ္မတလောင်း ထရမ့် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သမ္မတပူတင်နဲ့ တွေ့ချင်ပါတယ်လို့ အမေရိကန်သမ္မတလောင်း ထရမ့် ပြောကြား


၂၀၂၄၊ ဒီဇင်ဘာ ၁၈ ( ဗုဒ္ဓဟူးနေ့ ) 

မော်စကိုအစိုးရနဲ့ ကိဗ်ယက်အစိုးရ ကြားမှာဖြစ်ပေါ်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ရပ်တန့်အောင် သွေးဆောင်ဖို့အတွက် ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ စကားပြောချင်ပါတယ်၊ ဒါ့အပြင် ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီးနဲ့လည်း ဆွေးနွေးချင်ပါသေးတယ်လို့ အမေရိကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ကို ပြောဆိုလိုက်ပါတယ်။ 

တနင်္လာနေ့က သူ့ရဲ့ Mar-a-Lago အိမ်ရာမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထရမ့်ကို ပြီးခဲ့တဲ့လ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရပြီးကတည်းက ပူတင်နဲ့ စကားပြောခဲ့တာရှိလားလို့ သတင်းထောက်တွေက မေးမြန်းရာမှာ မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။ သို့သော်လည်း ထရန့်က ယင်းကဲ့သို့ လုပ်ဆောင်ရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပါတယ်။

“ ကျနော် သမ္မတပူတင်နဲ့ စကားပြောမယ်။ ပြီးတော့ သူ့ရဲ့ကိုယ်စားလှယ်တွေနဲ့ စကားပြောမယ်။ ပြီးရင် သမ္မတ ဇီလန်စကီးနဲ့ စကားပြောမယ်။ ပြီးတော့ သူ့ရဲ့ ကိုယ်စားလှယ်တွေနဲ့ စကားပြောမယ်။ ကျနော် ရအောင်တားမှာပါ။ ၃ နှစ်နီးပါးကြာပြီဖြစ်တဲ့  ဒီပဋိပက္ခဟာ တကယ့်ရက်စက်ကြမ်းကြုတ်မှုကြီးတစ်ခု ဖြစ်နေပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးကတည်းက ဒီလိုမျိုး ရက်စက်မှုတွေကို မတွေ့ခဲ့ရပါဘူး။ အဲဒီ သတ်ဖြတ်မှုကို ကျနော်အစွမ်းကုန်တားမှာပါ” လို့ ထရမ့်က ဆိုပါတယ်။ 

အဲ့ဒါနဲ့ ပတ်သက်ပြီး ရုရှားသမ္မတဘက်ကလည်း အဆင်သင့်ရှိနေတယ်လို့ သိထားရပါတယ်။ ရုရှားသမ္မတက ဆိုချီရှိ Valdai International Discussion Club တွင် ပြီးခဲ့သည့်လက ပြုလုပ်သည့် အစည်းအဝေးတွင် “ကျနော်တို့က ဘယ်သူက ဘယ်သူ့အထက်မှာရှိတယ် ဆိုတာ မရှိပါဘူး။ သူနဲ့ဆွေးနွေးဖို့ လမ်းကြောင်းတွေကိုလည်း ဖွင့်ပေးထားပါတယ်” လို့ ပြောသွားပါတယ်။ 

ထရမ့်ရဲ့ အစိုးရအဖွဲ့ဝင်တွေနဲ့ ကရင်မလင် အစိုးရအဖွဲ့ဝင်တွေက ထရမ့်မဲနိုင်ပြီးနောက် ဖုန်းပြောဖြစ်ကြတယ် ဆိုတာကို ငြင်းဆိုထားပါတယ်။ မဲဆွယ်စည်းရုံးစဉ် ကာလက တရမ့်က သူသမ္မတဖြစ်ပြီး ၂၄ နာရီအတွင်း ယူကရိန်း- ရုရှား ပဋိပက္ခကို အဆုံးသတ်ပေးမယ်လို့ အာမခံခဲ့ပေမဲ့ လက်တွေ့မှာ အလွန်ခက်ခဲနေကြောင်းကို ထရမ့်က ဝန်ခံသွားပါတယ်။ 


REF - RT

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)