အာဆီယံကော်မတီ (တိုကျို)အစည်းအဝေး၏ ဥက္ကဋ္ဌတာဝန်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားနှင့် နေ့လယ်စာစားပွဲသို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

အာဆီယံကော်မတီ (တိုကျို)အစည်းအဝေး၏ ဥက္ကဋ္ဌတာဝန်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားနှင့် နေ့လယ်စာစားပွဲသို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက်





တိုကျိုမြို့၊ ဒီဇင်ဘာ ၁၈

တိုကျိုမြို့အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများဖြင့် ဖွဲ့စည်းထားသည့် အာဆီယံကော်မတီ(တိုကျို)၏ လက်ရှိဥက္ကဋ္ဌဖြစ်သော လာအိုနိုင်ငံသံအမတ်ကြီး H.E. Mrs. Phongsamouth ANLAVAN မှ မလေးရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Shahril Effendi Abd Ghany သို့ အာဆီယံကော်မတီ (တိုကျို) ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားနှင့် နေ့လယ်စာစားပွဲကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့(ဗုဒ္ဓဟူးနေ့) တွင် တိုကျိုမြို့ရှိ Sunshine Cruise Restaurant တွင် ကျင်းပပြုလုပ်ခဲ့သည်။ 

အဆိုပါအခမ်းအနားနှင့်နေ့လယ်စာစားပွဲသို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်သည် ကျန်အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။ အခမ်းအနားသို့ ဂျပန်နိုင်ငံတွင် ရောက်ရှိနေသည့် အာဆီယံ အတွင်းရေးမှူးချုပ် H.E. Dr. Kao Kim Hourn လည်း အထူးဧည့်သည်တော်အဖြစ် ပါဝင်တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် လာအိုနိုင်ငံသံအမတ်ကြီး H.E. Mrs. Phongsamouth ANLAVAN ၊ မလေးရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Shahril Effendi Abd Ghany နှင့် အာဆီယံအတွင်းရေးမှူးချုပ် H.E. Dr. Kao Kim Hourn တို့က မိန့်ခွန်းများ အသီးသီးပြောကြားခဲ့ကြသည်။ 

ထို့နောက် လာအိုနိုင်ငံသံအမတ်ကြီး H.E. Mrs. Phongsamouth ANLAVAN မှ အာဆီယံ ကော်မတီ (တိုကျို)၏ ဥက္ကဋ္ဌအမှတ်အသား “တူ” ကို မလေးရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Shahril Effendi Abd Ghany  ထံသို့  လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ အာဆီယံကော်မတီ (တိုကျို) ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို တိုကျိုမြို့အခြေစိုက် မလေးရှားသံရုံးမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ မှ စတင်၍ ဇွန်လအထိ တာဝန်ယူဆောင်ရွက်မည် ဖြစ်သည်။ 


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)