“အာဆီယံ-ကိုရီးယား အကြံပေးအဖွဲ့ဝင်များ စားပွဲဝိုင်းဆွေးနွေးပွဲ” သို့ မြန်မာသံအမတ်ကြီး ပါဝင် တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

“အာဆီယံ-ကိုရီးယား အကြံပေးအဖွဲ့ဝင်များ စားပွဲဝိုင်းဆွေးနွေးပွဲ” သို့ မြန်မာသံအမတ်ကြီး ပါဝင် တက်ရောက်




ဆိုးလ်၊ ဒီဇင်ဘာ ၁၈

ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်တွင် ဆိုးလ်မြို့ရှိ Lotte Hotel ၌ ကျင်းပသည့် “အာဆီယံ-ကိုရီးယား အကြံပေးအဖွဲ့ဝင်များ စားပွဲဝိုင်းဆွေးနွေးပွဲ (ASEAN-ROK Think Tank Dialogue Roundtable) ” သို့ ပါဝင်တက်ရောက် ကာ မြန်မာ-ကိုရီးယားနှစ်နိုင်ငံ ကုန်သွယ်မှုကိစ္စနှင့် အနာဂတ်တွင်ဦးစားပေးသင့်သည့် စီးပွားရေး ဈေးကွက်ကဏ္ဍများအပေါ် သုတေသနပြုမှုကိစ္စတို့ကို အလေးပေးထည့်သွင်းပြောကြားခဲ့သည်။ 

 ASEAN-ROK Think Tank Dialogue Roundtable ကို ကိုရီးယားသမ္မတနိုင်ငံရှိ ကုန်သွယ် ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာန (Ministry of Trade, Industry and Energy- MOTIE) က အိမ်ရှင် အဖြစ်လက်ခံ၍ ကိုရီးယားကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (Korea Chamber of Commerce and Industry- KCCI) က စီစဉ်ကျင်းပပေးခြင်း ဖြစ်သည်။

 အာဆီယံ-ကိုရီးယားဒေသအတွက် နိုင်ငံတကာကုန်သွယ်ရေးနှင့် စီးပွားရေးမူဝါဒဆိုင်ရာ အ ကြံပေးအဖွဲ့ဆွေးနွေးပွဲ” ကို ၂၀၂၅ ခုနှစ်မှစတင်၍ ပုံမှန်ကျင်းပသွားရန် တောင်ကိုရီးယားနိုင်ငံဘက် မှ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း ကျင်းပခဲ့သော (၂၅) ကြိမ်မြောက် အာဆီယံ-ကိုရီးယား ထိပ်သီးအစည်းအဝေးတွင် အဆိုပြုခဲ့သည့်အတွက် အဆိုပါအကြံပေးအဖွဲ့ဆွေးနွေးပွဲတွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံအသီးသီးမှ နိုင်ငံတကာကုန်သွယ်ရေးနှင့် စီးပွားရေးမူဝါဒဆိုင်ရာ အကြံပေးအဖွဲ့များက အမြဲတမ်းအဖွဲ့ဝင်များအဖြစ် ပါဝင်တက်ရောက်အကြံပြုဆွေးနွေးစေရေး တိုက်တွန်းအား ပေးရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။ 

 ဆွေးနွေးပွဲတွင် စီးပွားရေးမူဝါဒဆိုင်ရာအကြံပေးအဖွဲ့ဆွေးနွေးပွဲ၏ ရည်မှန်းချက်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့်အစီအမံများနှင့် လုပ်ငန်းစဉ်များ၊ အာဆီယံနှင့် တောင်ကိုရီးယားနိုင်ငံများ အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို ဆွေးနွေးခဲ့ကြသည်။

 အဆိုပါစားပွဲဝိုင်းဆွေးနွေးပွဲသို့ ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာနမှ ကုန်သွယ် ရေးဝန်ကြီး H.E. Inkyo Cheong နှင့် အဆင့်မြင့်အရာထမ်းများ၊ ဆိုးလ်မြို့ရှိ အာဆီယံ သံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ KCCI မှ စီးပွားရေးအကြံပေးများ၊ အာဆီယံနှင့် အရှေ့အာရှ ဆိုင်ရာ စီးပွားရေး သုတေသန အရာထမ်းများတက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)