နေပြည်တော်၊ ဒီဇင်ဘာ ၂၂
လယ်ယာကဏ္ဍဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး\ ပြည်နယ်စိုက်ပျိုး ရေးဦးစီးဌာနမှူးများ၊ ဆီထွက်သီးနှံအထူးဇုန်တာဝန်ခံများနှင့် သင်တန်းကျောင်းတာဝန်ခံများ တက်ရောက်ကြသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းစားရေရိက္ခာ ဖူလုံရေး၊ ပြည်ပပို့ကုန် တိုးတက်ထုတ်လုပ်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး အတွက် လယ်ယာကဏ္ဍဖွံ့ဖြိုးရေး ကို နိုင်ငံတော်အစိုးရက မူဝါဒများ ချမှတ်ဆောင်ရွက်ပေးခြင်းနှင့်အတူ လိုအပ်ချက်များကိုလည်း ဘက်စုံကဏ္ဍစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဝန်ကြီးဌာန၏ စီမံဆောင်ရွက်မှု နှင့်သက်ဆိုင်ရာ ဒေသအာဏာပိုင်များ၏ အနီးကပ်ကြီးကြပ်မှုတို့ ဖြင့် လယ်ယာကဏ္ဍ၏ စိုက်ပျိုး ထုတ်လုပ်မှု သိသာစွာ တိုးတက်ပြောင်းလဲလာရေး ကြိုးပမ်းဆောင်ရွက်ရာတွင် တောင်သူများနှင့် အနီးကပ်ထိတွေ့ ဆောင်ရွက် ကြရသည့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် စိုက်ပျိုးရေးဦးစီး ဌာနမှူးများ၏ စွမ်းဆောင်နိုင်မှု အရည်အချင်းသည် အဓိကကျသဖြင့် မျိုး၊ မြေ၊ ရေ၊ နည်းပညာ ဆိုင်ရာ လုပ်ငန်းများနှင့်အတူ သီးနှံများ အထွက်နှုန်းတိုးတက်ရေး၊ အရည်အသွေး ကောင်းမွန်စေရေး၊ ဈေးကွက်ခိုင်မာရေး၊ ဈေးကောင်းရရှိရေးအပါအဝင် တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်လိုစိတ်ကို ထိရောက်စွာ မြှင့်တင်ပေးနိုင်မည့် တောင်သူအကျိုးစီးပွား ဖြစ်ထွန်းစေရေး အစီအမံများထည့်သွင်း ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးများက လယ်ယာကဏ္ဍ တိုးတက် ရေးအတွက် သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်း စည်းကမ်းများ တိကျစွာ လိုက်နာ ဆောင်ရွက်ရေး၊ ဌာနပိုင်အဆောက်အအုံများ ငှားရမ်းရေးလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြပ်မတ်ဆောင်ရွက်ရေး၊ နိုင်ငံ့ဝန်ထမ်းများ၊ ပညာရှင်များ၊ သုတေ သီများနှင့် တောင်သူများအကြား စဉ်ဆက်မပြတ် ထိတွေ့ဆောင်ရွက်နိုင်ရေးအတွက် ဒစ်ဂျစ်တယ် ဆက်သွယ်ရေး နည်းပညာကို အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေး ဆွေးနွေးပြောကြားကြသည်။
ဆက်လက်၍ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များ၊ အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဆန်စပါးနှင့် ဆီထွက်သီးနှံအပါအဝင် အဓိကသီးနှံများ ပန်းတိုင် အထွက်ရရှိရေး၊ စက်မှုကုန်ကြမ်းသီးနှံနှင့် ဈေးကွက်ရှိ သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ သီးနှံ အလိုက် စိုက်ဧကနှင့် အထွက်နှုန်းဆိုင်ရာ အခြေခံစာရင်းဇယားကိန်းဂဏန်းများ တိကျမှန်ကန် ရေးဆိုင်ရာများကို တင်ပြဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment