၂၀၂၄၊ ဒီဇင်ဘာ ၂၂ ( တနင်္ဂနွေနေ့ )
ပြီးခဲ့တဲ့ ကြာသပတေးနေ့က ယူကရိန်းသမ္မတ ဇီလန်စကီးထံကိုလိပ်မူပြီး သတင်းထောက်များ ကာကွယ် စောင့်ရှောက်ရေး ကော်မတီ (CPJ) က “မီဒီယာများအား ခြိမ်းခြောက်မှုကို ရပ်တန့်ရန်” တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ စာထဲမှာ ယူကရိန်းနိုင်ငံအတွင်း သတင်းထောက်များ မီဒီယာလုပ်ငန်းတွေကို လွတ်လပ်စွာ လုပ်ကိုင်ခွင့် ရရန်နဲ့ လက်စာချေခြင်းများ မပြုလုပ်ရန်အတွက် တောင်းဆိုထားပါတယ်။
၎င်းအပြင် ရုရှားနှင့် ပဋိပက္ခ ပြင်းထန်နေချိန်တွင် အစိုးရ၏ ဝင်ရောက်စွက်ဖက်မှုနှင့် မီဒီယာများကို ဖိနှိပ်ခြင်းများကို ဖော်ပြထားတဲ့ အဖြစ်အပျက်များကို မီးမောင်းထိုးပြခဲ့ပါတယ်။ ကော်မတီ၏အဆိုအရ ယခုနှစ်အတွင် ဖိအားများ၊ ခြိမ်းခြောက်မှု၊ စောင့်ကြည့်မှုများအပြင် တာဝန်ခံမှုကင်းမဲ့မှုများစွာကို အမှတ်အသားပြုထားကြောင်း ၊ မီဒီယာတွေ လုပ်ငန်းဆက်လုပ်လို့မရအောင် ဖိအားတွေ အများကြီး ပေးထားကြောင်း နဲ့ မီဒီယာလုပ်ငန်းတွေရဲ့ စီပွားရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ဖိအားတွေပေးထားကြောင်း သိရပါတယ်။ ကိဗ်ယက်အစိုးရကတော့ အဲ့ဒိစွတ်စွဲချက်တွေ ကို ငြင်းဆိုထားပါတယ်။
ယူကရိန်း သတင်းထောက် ယူရီယီနိကိုလော့ဗ် ကိုစစ်တပ်က ခြိမ်းခြောက်လို့ အိမ်ပြန်လာရတဲ့ အမှု၊ နောက်ဆုံးသတင်းများ မရရှိမှု၊ စုံးစမ်းရေးဆိုင်ရာ ကိစ္စရပ်များအပေါ် စောင့်ကြည့်ခံနေရမှုတွေ ကိုအစိုးရအဖွဲ့ကို တိုင်တန်ထားပေမဲ့ ယူကရိန်း လုံခြုံရေးဝန်ဆောင်မှုဌာန ( SUB) အမှုများကို စတင်စုံစမ်းနေပြီလို့ ဆိုပေမဲ့ ဒီနေ့အချိန်အထိ တိတိကျကျ အချက်များကို ထုတ်ပြန် နိုင်ခြင်း မရှိသေးချေ။
၂၀၂၂ ဖေဖော်ဝါရီ တွင် ရုရှားနှင့် ပဋိပက္ခ ပြင်းထန်လာချိန်မှစပြီး ၁၃ ကြိမ်မြောက် စစ်အုပ်ချုပ်ရေးကာလတွင် အများပြည်သူဆိုင်ရာဒေတာဘေ့စ်များမှ သတင်းအချက်အလက်များ ထုတ်ဝေခြင်းအတွက် ရာဇဝတ်မှုဆိုင်ရာ ပြစ်ဒဏ်များ တိုးမြှင့်ပေးသည့် ဥပဒေကြမ်းကို NGO များမှ စိုးရိမ်ပူပန်နေတယ်လို့ သိရပါတယ်။
REF - RT
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment