မအူပင်မြို့၌ စပါးသိုလှောင်ရုံများမှတ်ပုံတင်နိုင်ရေး သိုလှောင်ရုံလုပ်ငန်းရှင်များနှင့် ဆန်စက်လုပ်ငန်းရှင်များအား ရှင်းလင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအူပင်မြို့၌ စပါးသိုလှောင်ရုံများမှတ်ပုံတင်နိုင်ရေး သိုလှောင်ရုံလုပ်ငန်းရှင်များနှင့် ဆန်စက်လုပ်ငန်းရှင်များအား ရှင်းလင်းဆွေးနွေး

 



မအူပင် , ဒီဇင်ဘာ ၁၃


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ စပါးသိုလှောင်ရုံများ မှတ်ပုံတင်နိုင်ရေးနှင့် ကုန်ရ၊ ကုန်ထုတ်စာရင်းများ ဖြည့်သွင်းနိုင်စေရန် သိုလှောင်ရုံလုပ်ငန်းရှင်များနှင့် ဆန်စက်လုပ်ငန်းရှင်များအား ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက စားသုံးသူရေးရာဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲတွင် မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်မင်းက ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် MyRoတွင် မှတ်ပုံတင်ထားသည့် သိုလှောင်ရုံစာရင်း ၁၃၃၄ လုံးသာ မှတ်ပုံတင်ထားရှိပြီး ကျန်ရှိနေသည့် သိုလှောင်ရုံများ မပျက်မကွက်ဆက်လက်မှတ်ပုံတင်နိုင်ရေးနှင့် ဆန်စပါးမူဝါဒများထွက်ရှိလာမည်ဖြစ်၍ ဈေးနှုန်းဈေးကွက်ကောင်းမွန်စေရေး အဓိကထားလုပ်ဆောင်နိုင်ပြီး၊ အသင်းအဖွဲ့အစာအဖွဲ့များအားကောင်းစွာ ဆောင်ရွက်ပါက စပါး/ဆန်ကဏ္ဍဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ စပါးဆန်သိုလှောင်ရုံမှတ်ပုံ တင်ခြင်ဆိုင်ရာ အမိန့်ကို အမိန့်အမှတ် ၈၂/၂၀၂၄ ဖြင့် ၂၀၂၄ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ ဆန်တန် ၂၅ တန်နှင့်အထက် စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးပိုင်ဆိုင်သူ MyRo တွင် သတ်မှတ်ချက်နှင့်အညီ မှတ်ပုံတင်လျောက်ထားရမည်ဖြစ်‌ကြောင်း၊ မူလခွင့်ပြုထားသည့် စာရင်းအချက်အလက်များ ပြုပြင်ပြောင်းလဲလိုပါက သတ်မှတ်ချက်နှင့် အညီလျောက်ထားရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ခွင့်ပြုပြီး သိုလှောင်ရုံများ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများ လစဉ်ဖြည့်သွင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် မှတ်ပုံတင်ရန် ကျန်ရှိနေသေားသော သိုလှောင်ရုံများရှိပါက ထပ်မံပါဝင်နိုင်ရေး အသိပေးနိုးဆော်ဆောင်ရွက်ရန် လုပ်ငန်းရှင်များအား ရှင်းလင်းဆွေးနွေးသည်။

အဆိုပါရှင်းလင်းဆွေးနွေးပွဲသို့ မအူပင်မြို့နယ်အတွင်းရှိ ဆန်/စပါး သိုလှောင်ရုံလုပ်ငန်းရှင်များ၊ ဆန်စက်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး သိလိုသည်များအား ပြန်လည်မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။


အောင်မြင့်မြတ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)