ဒုတိယဝန်ကြီး ဦးမြင့်စိုး ကျောင်းကုန်းနှင့် ကန်ကြီးထောင့်မြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးမြင့်စိုး ကျောင်းကုန်းနှင့် ကန်ကြီးထောင့်မြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်


နေပြည်တော်၊ ဒီဇင်ဘာ ၃၀

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ၂၈-၁၂-၂၀၂၄ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် ကံကလေးကျေးရွာအုပ်စု ကံကလေးကျေးရွာသို့သွားရောက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်း ပေ ၁၁၈၀ ကွန်ကရစ်ပေါင်စီ၊ မြေရောကျောက်ခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ကျေးရွာသူကျေးရွာသားများနှင့်တွေ့ဆုံကာ ကျောင်းကုန်းမြို့နယ်တွင် သမဝါယမစနစ်ဖြင့် နေကြာ ၆၁၉ ဧက စိုက်ပျိုးထားပြီဖြစ်ရာ ပန်းတိုင်အထွက်နှုန်းရရှိအောင် စိုက်ပျိုးကြရန်၊ ရိုးသားကြိုးစား ဧရာဝတီသားဆိုသည့် ဆောင်ပုဒ်နှင့်အညီ ဒေသဖွံ့ဖြိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် ဝိုင်းဝန်းထိန်းသိမ်း ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားပြီး ကျေးရွာရှိ မူလတန်းလွန်ကျောင်း ကျောင်းဆောင်သစ်ရရှိရေး၊ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပေးရေး၊ ကျေးရွာမီးလင်းရေး တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ကန်ကြီးထောင့်မြို့နယ် သဘော့ချောင်းကျေးရွာသို့ သွားရောက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ၅၅၀ ဝပ် ဆိုလာ ၁၄ ချပ်ကို ၈ လက်မ Incline Pump တွဲ၍ စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။

ယင်းသို့ ဆောင်ရွက်ပေးခြင်းကြောင့် သဘော့ချောင်းကျေးရွာမှ တောင်သူဦးသက်ပိုင်စိုး၏ ရေကျ နောက်စိုက်လယ် ၁၀ ဧကတွင် ဆင်းသုခစပါးမျိုး စိုက်ပျိုးထားမှုကိုလည်းကောင်း၊ အခြားတောင်သူများ၏ စိုက်ဧက ၂၀ ကိုလည်းကောင်း အကျိုးပြုလျက်ရှိပြီး ယင်းစိုက်ပျိုးရေဖြင့် နွေစပါး စိုက်ပျိုးရေးကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယမန်နှစ်နွေစပါးတစ်ဧကအထွက်နှုန်း တင်း ၁၂၀ ထွက်ရှိကြောင်း သိရသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ပုသိမ်မြို့ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်းသို့သွားရောက်ပြီး သုံးထပ်ကျောင်းသားအိပ်ဆောင် ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)