ဆီးရီးယားကနေ ရုရှားတွေ ထွက်ခွာပေးစရာမလိုဘူးလို့ ခေါင်းဆောင်သစ်က ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆီးရီးယားကနေ ရုရှားတွေ ထွက်ခွာပေးစရာမလိုဘူးလို့ ခေါင်းဆောင်သစ်က ဆို


ဒီဇင်ဘာ - ၃၀ ( တနင်္လာနေ့ ) 

အစ္စလာမ္မစ် Hayat Tahrir-al-Sham (HTS) ဦးဆောင်တဲ့ ဆီးရီးယားအာဏာပိုင်အသစ်က ရုရှားနိုင်ငံနှင့် ကောင်းမွန်သော ဆက်ဆံရေး ဆက်ရှိနေလိုကြောင်း နိုင်ငံ၏ de facto ( အာဏါကိုင်) ခေါင်းဆောင် အာမက်ဟူစိန် အယ်လ် ရှာရာ က ဆိုလိုက်ပါတယ်။ မော်စကိုအစိုးရရဲ့ စစ်ရေးစခန်းများကို နိုင်ငံတွင်းမှ ဆုတ်ခွာရန် မလိုအပ်ကြောင်း ၎င်း၏အစိုးရသည် မော်စကို၏ စစ်တပ်အား ရုပ်သိမ်းပေးရန် မလိုအပ်ကြောင်း တနင်္ဂနွေနေ့တွင် ရုပ်သံ အယ်အာဘီယာ  နှင့် တွေ့ဆုံမေးမြန်းခန်း၌ ဆိုထားပါတယ်။ 

ဆီးရီးယားရှိ စစ်သွေးကြွအုပ်စုများသည် မြို့တော်ဒမတ်စကတ်ကို သိမ်းပိုက်ပြီး သမ္မတဟောင်း  ဘာရှာအာဆက် ကို ရာထူးမှ နုတ်ထွက်ရန် တွန်းအားပေးပြီးနောက် ဆီးရီးယားတွင် တပ်စွဲထားသော ရုရှားတပ်ဖွဲ့များဖြစ်တဲ့  ခါမိုင်မင်း နှင့်  တာတက် စစ်အခြေစိုက်စခန်းများ၏ ကံကြမ္မာသည် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။ မော်စကိုအစိုးရက မြေထဲပင်လယ်ကမ်းခြေများတွင်တည်ရှိတဲ့ ခါမိုင်မင်း လေတပ်အခြေစိုက်စခန်းနှင့် တာတက် ထောက်ပံ့ပို့ဆောင်ရေးစင်တာ တို့ကို တည်ဆောက်ထားပြီး လည်ပတ်နေတာပါ။ ၂၀၁၇ ခုနှစ်တွင် ရုရှားနှင့် ဆီးရီးယားတို့က မော်စကိုအစိုးရ တပ်များကို ၄၉ နှစ်ကြာ တပ်စွဲထားရန် သဘောတူညီခဲ့ကြပါတယ် ။

ဆီးရီးယားသည် ကမ္ဘာ့ဒုတိယ အင်အားကြီးဆုံးနိုင်ငံဖြစ်တဲ့ ရုရှားနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းရာတွင် မဟာဗျူဟာမြောက် အကျိုးစီးပွားများ ရှိနေကြောင်း အယ်လ်ရှာရာက ပြောကြားခဲ့သည်။ 

ဆီးရီးယားနဲ့ ရုရှားတို့ကြား ကာလကြာရှည် ဆက်ဆံရေးအတွက် မသင့်လျော်သော နည်းလမ်းဖြင့် ရုရှားနိုင်ငံကို ဆီးရီးယားမှ ထွက်ခွာရန် ကျွန်ုပ်တို့ မလိုလားကြောင်း HTS အကြီးအကဲက ပြောကြားခဲ့ပါတယ်။ အယ်လ်ရှာရာ၏အဆိုအရ ဒမတ်စကတ်ရှိ အာဏာပိုင်များသည် နိုင်ငံခြားအင်အားကြီးများနှင့် ပဋိပက္ခများကို ရှောင်ရှားလိုနေပါတယ်။ 

မတ် ၁ ရက်တွင် သက်တမ်းကုန်ဆုံးမည့် အသွင်ကူးပြောင်းရေးကာလကို ကြေညာပြီးသည်နှင့် ဒမတ်စကတ်ရှိ အာဏာပိုင်သစ်များနှင့် ရုရှားစစ်ဘက်ဆိုင်ရာ တပ်ဆင်မှုများ၏ အနာဂတ်ကို ဆွေးနွေးရန် ပြင်ဆင်ထားကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီး လာရော့ဗ်က ဆိုပါတယ်။  တစ်ချိန်တည်းမှာပင်၊ မော်စကိုသည် “ယာယီလုံခြုံရေး အာမခံချက် ရှိသောကြောင့် စစ်အခြေစိုက်စခန်းများကို ပုံမှန်အတိုင်းလည်ပတ်နေကြသည်” ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်များကို ကိုးကား၍ TASS က ဖော်ပြခဲ့ပါတယ်။


REF - RT

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)