ကယားပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး






လွိုင်ကော်၊ ဒီဇင်ဘာ ၁၂

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ဘူတာလမ်း နိုင်လွန်ကတ္တရာကွန်ကရစ် (AC) ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဒေါနိုးကူးနှင့် နမ့်ကွတ်ရပ်ကွက်များရှိ ရေဝပ်ကျန်ရှိနေရာများတွင် ရေများလျော့ကျအောင် ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့၊ ဘူတာလမ်းအား ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် (၃၇၃၀x၃၀)ပေ နိုင်လွန်ကတ္တရာကွန်ကရစ် (AC) ခင်းခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိကာ လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ခေတ္တအမှုဆောင်အရာရှိ ဦးစောနေခလီးနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်။ ထို့နောက် လမ်းလုပ်ငန်းဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလပြီးစီးရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် လုပ်ငန်းဆောင်ရွက်စဉ် ခရီးသွားပြည်သူများ သွားလာမှုအဆင်ပြေစေရေး လိုအပ်သည်များ စီမံဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်၍ ဘီလူးချောင်းရေဝင်ရောက်ခဲ့မှုကြောင့် ရေဝပ်ကျန်ရှိခဲ့သည့် ဒေါနိုးကူးနှင့် နမ့်ကွတ်ရပ်ကွက်ရှိ အနိမ့်ပိုင်းနေရာများတွင် ရေများလျော့နည်းအောင် ဆောင်ရွက်နေသည့် ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် ပြည်နယ်မီးသတ်ဦးစီးဌာနတို့၏ လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ရေဝပ်ကျန်ရှိနေသည်များကို အမြန်ဆုံးဖယ်ရှားဆောင်ရွက်ရေး၊ ဆောင်ရွက်ပြီးပါက ယာယီရေဘေးကယ်ဆယ်ရေးစခန်းများရှိ ပြည်သူများ မိမိတို့နေအိမ်များတွင် အမြန်ပြန်လည်နေထိုင်နိုင်ရေး၊ အဆိုပါနေရာများတွင် ကျန်းမာရေးစောင့်ရှောက်မှု ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရေးနှင့် သန့်ရှင်းကောင်းမွန်သော သောက်သုံးရေများရရှိရေး စီမံဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)