ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၃/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၃/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးတက်ရောက်



ပုသိမ်၊ ဒီဇင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၃/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)တွင် ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊  ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က “တိုင်းဒေသကြီးအတွင်း တစ်နှစ်ထက်တစ်နှစ် ခရီးသွားများ ပိုမိုဝင်ရောက်လျက်ရှိပါကြောင်းနှင့် ကမ်းခြေခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဟိုတယ်နှင့် တည်းခိုရိပ်သာအဆောက်အဦများ တိုးချဲ့ခြင်းလုပ်ငန်းများကိုလည်း တင်ပြမှုများရှိလာပါကြောင်း၊ ဟိုတယ်နှင့်တည်းခိုရိပ်သာ အဆောက်အဦများဆောက်လုပ်ရန် လုပ်ငန်းရှင်များ၏ တင်ပြမှုများအပေါ် ကော်မတီအနေဖြင့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စစ်ဆေးတင်ပြရန်လိုအပ်ပြီး မြေအသုံးချမှုနှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်ကြရန်လိုပါကြောင်း၊ ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဟိုတယ်၊ တည်းခိုရိပ်သာများသည် အဆင့်မီသည့် ဟိုတယ်၊ တည်းခိုရိပ်သာများဖြစ်ရန်လိုပါကြောင်း၊ ကမ်းခြေဒေသများတွင် အမှိုက်ကင်းရှင်းရေး၊ စည်းကမ်းမဲ့ပလတ်စတစ်အမှိုက်များပစ်ခြင်းကြောင့် ရေသယံဇာတများ ပျက်စီးဆုံးရှုံးမှုများမဖြစ်ပေါ်ရန် စစ်ဆေးကြပ်မတ်ဆောင်ရွက်ရန်လိုပါကြောင်း၊ ကမ်းခြေဒေသများသို့ လာရောက်လည်ပတ်သည့် ခရီးသွားများအတွက် ဟိုတယ်၊ တည်းခိုရိပ်သာများအနေဖြင့် မိမိတို့၏အစဉ်အလာကောင်းများ၊ ဖော်ရွေမှုများ၊ ဆွဲဆောင်မှုများဖြင့် ဝန်ဆောင်မှုများပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ခရီးသွားများပိုမိုဝင်ရောက်လာသည်နှင့်အမျှ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး၊ လမ်းဘေးဝဲယာတစ်လျှောက် သန့်ရှင်းသာယာလှပရေးနှင့် Green Zone Area များ ဖော်ဆောင်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာသူများကလည်း တိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက်  ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုကြောင်း” အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ဟိုတယ်အဆောက်အဦနှင့် အခန်းတိုးချဲ့တည်ဆောက်ခွင့်ပြုပေးနိုင်ရေးကိစ္စ၊ တည်းခိုရိပ်သာအမည် ပြောင်းလဲဆောင်ရွက်ခွင့်ပြုရန်ကိစ္စ၊ လုပ်ငန်းလိုင်စင်ခွင့်ပြုချက်မရှိဘဲ ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်နေသည့် ဟိုတယ်ကိစ္စများအား ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် တတ်သိပညာရှင်များ၊ ပုဂ္ဂလိကခရီးသွားလုပ်ငန်းကိုယ်စားလှယ်များက အထွေထွေကိစ္စရပ်များအား ဆွေးနွေးခဲ့တင်ပြခဲ့ကြပြီးနောက် တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကော်မတီဝင်များ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


လှမင်းထွဋ် 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)