အမေရိကန်တွင် နေထိုင်သည့် ဝရမ်းပြေး ပန်ဆယ်လိုက ရက်စက်စွာ သတ်ဖြတ်မှုများ ကျူးလွန်နေသည့် ရေးဘီးလူး အမည်ခံ အကြမ်းသမားကို ငွေကြေးထောက်ပံ့ပေးနေ - Myanmar National Post

Myanmar National Post

News Agency

Breaking

အမေရိကန်တွင် နေထိုင်သည့် ဝရမ်းပြေး ပန်ဆယ်လိုက ရက်စက်စွာ သတ်ဖြတ်မှုများ ကျူးလွန်နေသည့် ရေးဘီးလူး အမည်ခံ အကြမ်းသမားကို ငွေကြေးထောက်ပံ့ပေးနေ





ရန်ကုန်၊ ဒီဇင်ဘာ ၂၂

အကြမ်းဖက်လှုံ့ဆော်မှုများ ပြုလုပ်ခြင်းကြောင့် ဝရမ်းထုတ်ခံရပြီး အမေရိကန်သို့ ထွက်ပြေးရောက်ရှိသွားသည့် ပန်ဆယ်လို က မြန်မာနိုင်ငံအတွင်းရှိ အကြမ်းဖက်သမားများကို ငွေကြေးထောက်ပံ့ပေးပြီး အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန် ခိုင်းစေလျက်ရှိသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ရေးမြို့နယ်တွင် လူသတ် အကြမ်းဖက်လုပ်ရပ်များ ရက်စက်စွာလုပ်ဆောင်နေသည့် ရေးဘီလူး အမည်ခံ အကြမ်းဖက်သမားထံ အမေရိကန်တွင် နေထိုင်သည့် ပန်ဆယ်လို က ငွေကြေးပံ့ပိုးပေးခဲ့သည်ကို ရေးဘီလူး က သူ၏ လူမှုကွန်ရက်မှ ဖော်ပြထားပြီး ပန်ဆယ်လိုနှင့် Video Chat ပြောဆိုထားသည့် ဓာတ်ပုံကိုလည်း ဖော်ပြထားသည်။

ရေးဘီလူး အမည်ခံ အကြမ်းဖက်သမားသည် အပြစ်မဲ့ ပြည်သူများအပေါ် လူအခွင့်ရေးချိုးဖောက်ပြီး ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ဖြတ်မှုများ ကျူးလွန်ခဲ့ခြင်းကြောင့် IS လက်သစ် အဖြစ် ပြောဆိုလာကြသည်။ ပန်ဆယ်လိုသည် NUG အကြမ်းဖက်အဖွဲ့နှင့် ပူးပေါင်း၍ တော်လှန်ရေး၊ ဒီမိုကရေစီအရေး ဟု အကြောင်းပြကာ ကမ္ဘာအရပ်ရပ်မှ အလှူခံပြီး အကြမ်းဖက်သမားထံ ငွေကြေးထောက်ပံ့ပေးပြီး အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်ခိုင်းသည့် အဓိကတရားခံဖြစ်သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)