ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့အား မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရေးနှင့် ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်ဖော်ထုတ်ထိန်းသိမ်းဆောင်ရွက်နေမှုတို့အား ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့အား မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရေးနှင့် ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်ဖော်ထုတ်ထိန်းသိမ်းဆောင်ရွက်နေမှုတို့အား ကွင်းဆင်းစစ်ဆေး









ပဲခူး၊ ဒီဇင်ဘာ ၂၂

 ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒီဇင်ဘာလ(၂၁)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့အား မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရေးနှင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်ဖော်ထုတ် ထိန်းသိမ်း ဆောင်ရွက်နေမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

 ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သိန္နီတံခါးပေါက်အနီးရှိ ဟံသာဝတီမြို့ရိုး၊ တံခါးပေါက် ပြန်လည်ဖော်ထုတ်ထားရှိမှုနှင့် မြေယာအလှရှုခင်း၊ ကျုံးပတ်လမ်းဆောင်ရွက်ထားရှိမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး အများပြည်သူများ အပန်းဖြေရင်းဖြင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် တွေ့မြင်ခံစားသိရှိနိုင်စေရန် ရည်ရွယ်ဆောင်ရွက်ပေးခြင်းဖြစ်၍ စဉ်ဆက်မပြတ် ထိန်းသိမ်းဆောင်ရွက်ရန်နှင့် လိုအပ်သည့်နေရာတွင် သတိပေးဆိုင်းဘုတ်များတပ်ဆင်ထားရန် တာဝန်ရှိသူများအားလမ်းညွှန်မှာကြားခဲ့သည်။

 ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲသည် ဟံသာဝတီရှေးဟောင်းမြို့ရိုးနှင့် တောင်ငူ တံခါးပေါက် ပြန်လည်ဖော်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့ရိုးအုတ်စီအုပ်သားများ ပျက်စီးမှု မရှိစေရေး စနစ်တကျဖော်ထုတ်သွားရန်၊ တူးဖော်ရရှိသည့် ရှေးဟောင်းပစ္စည်းများအား ပစ္စည်းအမျိုးအစား အလိုက် စနစ်တကျ မှတ်တမ်းတင်ထိန်းသိမ်းထားရှိရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

 ၎င်းနောက် ပဲခူးမြို့၌ ရှေးဟောင်းသမိုင်းဝင် လိပ်ပြာကန်အား တိုင်းဒေသကြီးအစိုးရအဖွဲ၏ အစီအစဉ်ဖြင့် ဘက်စုံပြန်လည်အဆင့်မြှင့်တင်နေမှုအား လှည်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိပ်ပြာကန်သည် ကျန်မားရေးအရ သော်လည်းကောင်း၊ မိသားစုအလိုက် လာရောက်အပန်းဖြေသည့် နေရာတစ်ခု အဖြစ် လူအမြဲမပြတ်စည်ကားသည့်နေရာဖြစ်၍ Landscaping Design များ အစဉ်လှပစေရေး ထိန်းသိမ်း စောင့်ရှောက်ရန်နှင့် ကန်ပတ်လမ်းအားတိုးချဲ့ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့သည်။

 ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပဲခူးမြို့နယ်၊ မဲခုန်ကျေးရွာ၌ တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဘုရင့်နောင်မင်းတရားကြီး စီးနင်းခဲ့သည့် မြင်း(၁၆)ကောင်ဆွဲ လှည်းယာဉ်တော်ကြီးအား မူလပုံစံ၊ အရွယ်အစားအတိုင်း တည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး ရှေးမူလက်ရာအတိုင်း ဆောက်လုပ် ရာတွင် သမိုင်းဆိုင်ရာအချက်အလက်မှန်များ ကိုးကားဆောင်ရွက်ရန်၊ ခိုင်ခန့်မှုကိုဦးစားပေးရန်၊ မြန်မာလက်မှု အနုပညာလက်ရာ အနုစိတ်များထည့်သွင်းဆောင်ရွက်ရန်၊ အေဒီ ၁၅၆၆ ခုနှစ်တွင် ကမ္ဘောဇသာဒီနန်းတော်နှင့် ဟံသာဝတီမြို့တော်သစ် တည်ထောင်သူ ဘုရင့်နောင်မင်းတရားကြီး(ဆင်ဖြူများရှင်)က စီးနင်းသည့် ပုံစံတူရထားလုံးတော်ကြီးဖြစ်၍ ခန့်နားထည်ဝါစွာဖြင့် တည်ဆောက်နိုင်ရေး သမိုင်းပညာရှင် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိင်း ဆောင်ရွက်ပေးခဲ့သည်။

 ထိုနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ၂၀၂၃ ခုနှစ်၊ ဇွန်လ(၁၇)ရက်နေ့မှစ၍ ပဲခူးမြို့၊ မြို့မဈေးကြီး သီရိဥဿာဈေးရုံကြီးရှေ့၌ ဒေသတွင်းကုန်ဈေးနှုန်း တည်ငြိမ်ရေးနှင့် ပြည်သူများ အသား/ငါး/ဥ ဈေးနှုန်းသက်သာစွာ နေ့စဉ်ဝယ်ယူစားသုံးနိုင်ရေး ကိုယ်တိုင် စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူများ၏ တိုက်ရိုက်အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချနေမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး အခြေခံစားသုံးကုန်များ ပြတ်လပ်မှုမရှိစေရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိသည်။


တင်စိုး(ပဲခူး)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)