မိုင်းခတ် , ဒီဇင်ဘာ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် မြို့နယ်သစ်တောဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မီးခိုးမြူငွေ့လျှော့ချရေး၊ လေထုညစ်ညမ်းမှုလျှော့ချရေးနှင့် သစ်တောသစ်ပင်များမှရရှိနိုင်သော အကျိုးကျေးဇူးများအကြောင်း အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က ဝမ်ခုတ်ကျေးရွာအုပ်စု၊ ပင်းကွေ့(လားဟူ)ကျေးရွာ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မိုင်းခတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဝင်းလတ်က အမှာစကားပြောကြားပြီး၊ မြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ခံတောအုပ် ဦးအောင်မိုးထွေး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ စခန်းတာဝန်ခံ ဦးစိုင်းဇင်ကိုလတ်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးယုမောင်တို့က မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးလုပ်ငန်းရည်ရွယ်ချက်များအကြောင်း၊ မီးခိုးမြူငွေ့များတွင် ပါဝင်သော လေထုညစ်ညမ်းစေသည့်အရာများ၊ မီးခိုးမြူငွေ့များကြောင့် လေထုညစ်ညမ်း၍ ဖြစ်ပွားစေနိုင်သော ဆိုးကျိုးများအကြောင်း၊ မီးခိုးမြူငွေ့ဖြစ်ပေါ်လာရသည့်အချက်များ မီးခိုးမြူငွေ့အမျိုးအစားများ၊ ကာကွယ်နိုင်သည့်နည်းလမ်းများ၊ Fire Hotspot များ၏အကြောင်းရင်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းနှင့် သစ်ပင်စိုက်ပျိုးထိန်းသိမ်းခြင်းကြောင့် ရာသီဥတုကောင်းမွန်လာစေခြင်း အကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment