ရန်ကုန်၊ ဒီဇင်ဘာ ၁၃
အလုံမြို့နယ်၊ သစ်တောရပ်ကွက်၊ ကမ်းနားလမ်း၊ ဧရာဝတီဘဏ်ရှေ့တွင်ဒီဇင်ဘာ လ ၁၂ရက် ည၁၀နာရီက လမ်းဖြတ်ကူးသူအမျိုး သမီးငယ်တစ်ဦးကို ကားတစ်စီးကတိုက်သဖြင့် အတိုက်ခံရသူ အမျိုးသမီးသေဆုံးသွားကြောင်း သိရသည်။
ယာဉ်မောင်း သိန်းထိုက်အောင် မောင်းလာသော Honda Fit Shuttel ကားအမှတ်YGN 16 9L/9505 သည်လမ်းဖြတ်ကူးလာသော ဦးလေးကြီးထမင်းဆိုင် (အလုံ)မှ ဝန်ထမ်း မပြည့်ပြည့် (၁၈နှစ်)ကို တိုက်မိသဖြင့် ကြက်ခြေနီမော်တော်ယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်စဉ် လမ်း၌သေဆုံးသွားကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost



No comments:
Post a Comment