မြိတ်မြို့နယ် ရွှေပေးကျေးရွာတွင် မီးဖိုမီးကြွင်မီးကျန်မှတစ်ဆင့် လူနေအဆောက်အဦ(၃)လုံး မီးလောင်ဆုံရှုံး - Myanmar National Post

Myanmar National Post

News Agency

Breaking

မြိတ်မြို့နယ် ရွှေပေးကျေးရွာတွင် မီးဖိုမီးကြွင်မီးကျန်မှတစ်ဆင့် လူနေအဆောက်အဦ(၃)လုံး မီးလောင်ဆုံရှုံး




မြိတ်  ,  ဒီဇင်ဘာ   ၂၃


တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ရွှေပေးကျေးရွာ၊ မြို့ပတ်(၁)လမ်းတွင် ဒီဇင်ဘာ(၂၂)ရက် နေ့လယ်(၁)နာရီ(၁၀)မိနစ်ခန့်က အိမ်ရှင်ဒေါ်အေးမာလာ၏ (၁)ထပ်လူနေအိမ်၌ ငှားရမ်းနေထိုင်သော ဒေါ်သိင်္ဂီလှိုင်၏ နေအိမ်အခန်း အနောက်ဘက် မီးဖိုခန်းရှိ မီးသွေးမီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုစတင်ဖြစ်ပွားခဲ့သည်။


မီးလောင်မှုကြောင့် ဒေါ်အေးမာလာ၏ အလျား(၃၉)ပေ၊ အနံ(၁၃)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း (၂)ခန်းတွဲ (၁)ထပ် လူနေအိမ်(၁)လုံးနှင့် အလျား(၉)ပေ၊ အနံ(၉)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း(၁)ထပ် လူနေအိမ်(၁)လုံး၊ ဦးဆန်းဦး၏ အလျား(၁၅)ပေ၊ အနံ(၃၀)ပေ၊ ဓနိမိုး၊ ထရံကာ၊ ပျဉ်ခင်း (၁)ထပ် လူနေအိမ်(၁)လုံး၊ စုစုပေါင်း အဆောက်အအုံ(၃)လုံး မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။


မီးလောင်မှုအား ပြည်သူတစ်ဦးမှ တယ်လီဖုန်းသတင်းပေးပို့သဖြင့် မြိတ်ခရိုင်မီးသတ်ဦးစီးမှူး ဦးစန်းဦး ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ ခရိုင်/မြို့နယ် မီးသတ်စခန်း၊ ကျွဲကူးနယ်မြေ မီးသတ်စခန်းနှင့် အရန်မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်နှင့် ရေသယ်ယာဉ်(၁၄)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ လူမှုရေးအသင်းများမှ လူနာတင်ယာဉ်များဖြင့် သွားရောက်၍ တပ်မတော်သားများ၊   ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြည်သူများနှင့်အတူ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် (၁)နာရီ (၂၅)မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီ (၁)နာရီ(၂၈)မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။


ခိုင်ထူး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)