စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်းရှိ ရသင့်ရထိုက်သည့် အခွန်အခများနှင့်ချေးငွေများအပြည့်အ၀ကောက်ခံရရှိရေးဆိုင်ရာညှိနှိုင်းအစည်းအဝေး (၃/၂၀၂၄)တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်းရှိ ရသင့်ရထိုက်သည့် အခွန်အခများနှင့်ချေးငွေများအပြည့်အ၀ကောက်ခံရရှိရေးဆိုင်ရာညှိနှိုင်းအစည်းအဝေး (၃/၂၀၂၄)တက်ရောက်




မုံရွာ , ဒီဇင်ဘာ ၃


စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင် ရသင့်ရထိုက်သည့်အခွန်အခများနှင့်ချေးငွေများအပြည့်အ၀ ကောက်ခံရရှိရေးဆိုင်ရာညှိနှိုင်းအစည်းအဝေး (၃/၂၀၂၄)ကို ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ မုံရွာခရိုင်၊ ယင်းမာပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ ဟုမ္မလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများမှ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင် မိမိတို့ဌာနများအလိုက်ရသင့်ရထိုက်သည့် အခွန်အခများနှင့်ချေးငွေများ အပြည့်အဝကောက်ခံရရှိရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား Power Point ဖြင့် အသီးသီး ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြသည်။


ဆက်လက်၍ တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့်လည်းကောင်း၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌတို့က မိမိတို့ခရိုင်များအတွင်းရှိ မြို့နယ်များ၏ရသင့်ရထိုက်သည့် အခွန်အခ များနှင့်ချေးငွေများအပြည့်အ၀ ကောက်ခံရရှိရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ အသီးသီးရှင်းလင်း တင်ပြခဲ့ကြသည်။


ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်အစည်းအဝေးသို့တက်ရောက်လာသူများက တိုင်းဒေသကြီးအတွင်း ရသင့်ရထိုက်သည့်အခွန်အခများနှင့်ချေးငွေများ အပြည့်အဝ ကောက်ခံရရှိရေးဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ အထွေထွေဖြည့်စွက် ဆွေးနွေးတင်ပြခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့တက်ရောက်လာသူများ၏ အသီးသီးအကြံပြုဆွေးနွေးတင်ပြချက်များအပေါ်လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။                                                                           

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)