အနာဂတ်မှာ အားလုံးရေရှည်တည်တံ့ရေး မသန်စွမ်းသူများ ခေါင်းဆောင်နိုင်မှုမြှင့်တင်ပေး ဆောင်ပုဒ်ဖြင့် ရန်ကုန်တိုင်းဒေသကြီး အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အနာဂတ်မှာ အားလုံးရေရှည်တည်တံ့ရေး မသန်စွမ်းသူများ ခေါင်းဆောင်နိုင်မှုမြှင့်တင်ပေး ဆောင်ပုဒ်ဖြင့် ရန်ကုန်တိုင်းဒေသကြီး အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားကျင်းပ



ရန်ကုန် ဒီဇင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီးတွင် "အနာဂတ်မှာ အားလုံးရေရှည် တည်တံ့ရေး မသန်စွမ်းသူများ ခေါင်းဆောင်နိုင်မှု မြှင့်တင်ပေး" ဆောင်ပုဒ်ဖြင့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနား ကို ယနေ့ နံနက်ပိုင်းက တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာ ခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ကုလသမဂ္ဂမှ ပေးပို့လာသည့် Video Clip သဝဏ်လွှာနှင့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် Video Clip တို့ကို ပြသသည်။

ယင်းနောက် မသန်စွမ်းသင်တန်း ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ဖျော်ဖြေရေး အစီအစဉ်များဖြင့် တင်ဆက် ကပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး အပါအဝင် တက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်း ဒေသကြီး တရားသူကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့်ဇနီး၊ စည်ပင်သာယာရေးဝန်ကြီး၊ မြို့တော်ဝန်တို့က မသန်စွမ်း သင်တန်းကျောင်း ကိုးကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၃၄၉ ဦးအတွက် ထောက်ပံ့ငွေများ ပေးအပ်ကြသည်။

ထို့နောက် စည်ပင်သာယာ ရေး ဝန်ကြီး၏ဇနီး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများက ဖျော်ဖြေရေးအဖွဲ့ များနှင့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အကြို လှုပ်ရှားမှု ပြိုင်ပွဲများတွင် ဆုရရှိခဲ့ ကြသူများအား ဂုဏ်ပြုချီးမြှင့် ငွေများ ပေးအပ်ကြသည်။

ဆက်လက်၍ ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်း သူများနေ့ အထိမ်းအမှတ်အဖြစ် မသန်စွမ်း ကျောင်းသား၊ ကျောင်းသူ များ၏ လက်ရာ ဓာတ်ပုံပြခန်းကို လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။


ဆန်းကျော်ဦး

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)